အာဖရိကတစ်နှစ်တာအကောင်းဆုံးဆုဆန်ကာတင်စာရင်းတွင် ဆာလက်၊ ဟာကီမီနှင့် ဆာလက်ပါဝင်လာ
===================
၂၀၂၅ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းထုတ်ပြန်ခဲ့လာရာမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူးဗစ်တာအိုဆီမမ်၊ မော်ရိုကိုနောက်ခံလူအာခရစ်ဖ်ဟာကီမီ၊ အီဂျစ်စူပါစတားမိုဟာမက်ဆာလက်တို့ ထိပ်ဆုံးမှ ပါဝင်လာပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်က ကြေညာလာတဲ့ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်ကစားသမား ၁၀ ဦးစာရင်းကို ကြေညာလာခဲ့တာပါ။
ယင်းဆန်ကာတင်ကစားသမားစာရင်းမှာ ဖရန့်အန်ဆူဆာ(ကင်မရွန်းနှင့်နာပိုလီ)၊ ဖစ်စတွန်မာလီလီ(ဒီမိုကရက်တစ်ကွန်ဂိုနှင့် ပရိုင်းမစ်)၊ ဒီနစ်ဘူအန်ဂါ(ဂါဘွန်နှင့်အယ်လ်အေအက်ဖ်စီ)၊ ဆာဟူးဂူရာဆီ(ဂီနီနှင့် ဒေါ့မွန်)၊ အူဆာမာလမ်လူနီ(တူနီးရှားနှင့် အီတွိုင်လီဒူဆာဟီလ်)၊ အိုင်မန်အန်ဒိုင်ယာယီ(ဆီနီဂေါနှင့် အဲဗာတန်)၊ ပါပီမာဆား(ဆီနီဂေါနှင့်စပါးစ်)တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ကာတင်ကစားသမား ၁၀ ဦးကိုလည်း ကြေညာခဲ့ပါတယ်။
အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ အင်ဒရေအိုနာနာ(ကင်မရွန်းနှင့် ထရက်ဘ်ဇွန်စပေါ်)၊ ဗိုဇင်ဟာ(ကိတ်ဗာဒီနှင့် ချာဗက်စ်)၊ အာမက်အယ်ရှီနာဝီ(အီဂျစ်နှင့်ပရိုင်းမစ်)၊ မူနာမိုဟာမီဒီ(မော်ရိုကိုနှင့် ဘာကာနီ)၊ ယာဆိန်းဘူနို(မော်ရိုကိုနှင့် အယ်ဟာလီ)၊ စတန်လေအန်ဝါဘာလီ(နိုင်ဂျီးရီးယားနှင့် ချစ်ပိုယူနိုက်တက်)၊ မာ့ခ်ဒီယော့ဖ်(ဆီနီဂေါနှင့် အယ်အာလီ)၊ ရွန်ဝန်ဝီလီယမ်(တောင်အာဖရိကနှင့် မာမီလူဒီဆန်းဒေါင်း)၊ အေမန်ဒါမန်း(တူနီးရှားနှင့် အက်စ်ဖာဇီအန်)တို့ ပါဝင်ခဲ့ပါတယ်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် ဘာဘစ္စတာ(ကိတ်ဗာဒီ)၊ ဟိုဆမ်ာဆင်(အီဂျစ်)၊ ခရူနိုဆလပ်ဗ်ဂျူဆစ်(ပရိုင်းမစ်)၊ ဆာမီထရာဘယ်ဆီ(တူနီးရှား)၊ ရိုမြွယ်ရာကိုတွန်ဒရာဘီ(မာဒါဂါစတာချန်)၊ မွိုင်ချာဘာနီ(အာဆက်စ်ဘာကိန်း)၊ တာရစ်ခ်ဆက်ချာဝီ(မော်ရိကိုချန်)၊ မိုဟာမက်အွာဘီ(မော်ရိုကိုယူ-၂၀)၊ ဝါလစ်ရီဂရာဂူ(မော်ရိုကို)၊ ပါပီသီယော်(ဆီနီဂေါ)တို့ ပါဝင်ခဲ့ပါတယ်။
အကောင်းဆုံးလက်ရွေးစင်အသင်းဆုအတွက် ဆန်ကာတင်စာရင်းတွင် အယ်ဂျီးရီးယား၊ ကိတ်ဗာဒီ၊ အိုင်ဗရီကို့စ်၊ အီဂျစ်၊ ဂါနာ၊ မော်ရိုကိုယူ-၂၀၊ မော်ရိုကို၊ ဆီနီဂေါ၊ တောင်အာဖရိက၊ တူနီးရှားတို့ ပါဝင်ခဲ့ပါတယ်။
အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် အာရှာရစ်ဖ်တစ်ဆိုဘာ(ဘူကီနာဖာဆို)၊ အေလိုင်ဟိုဟိုင်ဒါရာ(အိုင်ဗရီကို့စ်)၊ နိုအာဆာဒီကီ(ကွန်ဂို)၊ အဒီလာအွာဇာနီ(မော်ရိုကို)၊ ဟူဆမ်အက်ဆာဒစ်(မော်ရိုကို)၊ အော့မာနီမာမာ(မော်ရိုကို)၊ ဒါနီရယ်လာမီယီ(နိုင်ဂျီးရီးယား)၊ မိုမိုကာမာရာ(ဆီရီယာလီယွန်)၊ အမ်ဘီကီဇီလီအမ်ဘိုကာဇီ(တောင်အာဖရိက)၊ တိုင်လွန်စမစ်(တောင်အာဖရိက)တို့ ပါဝင်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ဇန်နဝါရီလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း ခြေစွမ်းအပေါ် မူတည်ကာ ယင်းဆန်ကာတင်စာရင်းကို ကြေညာလာတာပါ။