အင်္ကျီလက်မောင်းစပွန်ဆာရရှိလာပြီးနောက် အင်္ကျီရင်ဘတ်စပွန်ဆာ ရရှိဖို့ နီးစပ်လာပြီ ဖြစ်တဲ့ ချဲလ်ဆီး
====================

ချဲလ်ဆီးဟာ အင်္ကျီလက်မောင်းစပွန်ဆာရရှိလာပြီးနောက် အင်္ကျီရင်ဘတ်စပွန်ဆာ ရရှိရေး နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဗီယက်နမ်အခြေစိုက် နည်းပညာကုမ္ပဏီ FPT ဟာ လက်ကျန် ရာသီအကုန်အထိ ချဲလ်ဆီးရဲ့ အင်္ကျီလက်မောင်းစပွန်ဆာအဖြစ် ပေါင် ၁၅ သန်းဖြင့် စပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ အင်္ကျီလက်မောင်းစပွန်ဆာ တန်ဖိုးမှာ လီဗာပူးရဲ့ Expedia နှင့် အင်္ကျီလက်မောင်းစပွန်ဆာတန်ဖိုးနှင့် အတူတူ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ DXC Technology ထံမှ ရရှိတဲ့ ပေါင်သန်း ၂၀ ထက်တော့ နည်းပါးနေပါတယ်။

ဒါပေမယ့် ချဲလ်ဆီးရဲ့ အင်္ကျီလက်မောင်းစပွန်ဆာတန်ဖိုးက အာဆင်နယ်ရဲ့ အင်္ကျီလက်မောင်းစပွန်ဆာတန်ဖိုးထက် များပြားပါတယ်။

တဖက်တွင် ချဲလ်ဆီးအသင်းတာဝန်ရှိသူများဟာ မကြာမီကာလအတွင်းမှာ အင်္ကျီရင်ဘတ်စပွန်ဆာသစ်အား ကြေညာလာဖို့ ရှိနေပါတယ်။

လက်ရှိအချိန်တွင် ချဲလ်ဆီးရဲ့ အင်္ကျီရင်ဘတ်စပွန်ဆာအား ရရှိရန် ဆော်ီဒလေကြောင်းလိုင်း Riyadh Air က ရေပန်းစားနေပေမယ့်လည်း အခြားကုမ္ပဏီကြီးများကလည်း အပြိုင်ကြိုးပမ်းနေပါတယ်။

ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့မှု ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည် ရရှိလာမှုကြောင့် အင်္ကျီရင်ဘတ်စပွန်ဆာမှ ဝင်ငွေ ပေါင်သန်း ၆၀ အထိ ရရှိလာဖို့ ရှိနေပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၂-၂၃ နှစ်အကုန်အထိ မိုဘိုင်းကုမ္ပဏီ Three နှင့် တစ်နှစ်ပေါင်သန်း ၄၀ တန် စာချုပ်ကုန်ဆုံးပြီးနောက် ကာလရှည်လက်တွဲလာတဲ့ အင်္ကျီရင်ဘတ်စပွန်ဆာမရှိလာခဲ့တာပါ။

ချဲလ်ဆီးဟာ ယခုနှစ်အစောပိုင်းကတည်းက အင်္ကျီရင်ဘတ်စပွန်ဆာအတွက် ကမ်းလှမ်းမှုများ ရရှိခဲ့ပေမယ့်လည်း ရေရှည်လက်တွဲလိုမှုနှင့်အတူ အချိန်ယူရှာဖွေလာခဲ့တာလည်း ဖြစ်ပါတယ်။

image