ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေကို နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့်အဖွဲ့ကြည့်ရှုလေ့လာ

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု- ဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ဗင်နီကော့ဗာနှင့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်က မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကြည့်ရှုလေ့လာခဲ့ကြသည်။

ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်၊ အာနန္ဒာဘုရားကြီး၏ အနုလက်ရာများ၊ မြင်းကပါကျေးရွာရှိ မြစေတီဘုရား၊ ရွှေစည်းခုံစေတီတော်ကြီး၊ ရာဇကုမာရ်ကျောက်စာ၊ မြင်းကပါဂူပြောက်ကြီးဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများနှင့် နန်းမြင့်မျှော်စင်တို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့ပြင် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းယွန်းထည်လုပ်ငန်းနှင့် ယွန်းအရောင်းဆိုင်ရှိ မြန်မာ့ရိုးရာ ယွန်းလက်မှုပစ္စည်းများ၊ ထီးလိုမင်းလိုဘုရား၌ ပုဂံဒေသနေဝင်ဆည်းဆာအလှတို့ကိုလည်း ကြည့်ရှုခဲ့ကြသည်။

image