ထိုင်း ပင်စိမ်း ထမင်းကြော်
ကဖောင်း ထမင်း ကြော်
အခေါ် ဝေါ် တော့ ခွဲ မယ်ထင်ပါတယ်
❤️ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ထောင်း ရန် ၂ မြွာ
ငရုတ်သီးစိမ်း ။ ။ မိမိအကြိုက်
အသား နုတ်နုတ်စင်း ၆၀ ဂရမ်
ခရုဆီ ၂ ထမင်းစားဇွန်း
ငံပြာရည် အနောက် ၁/၄ ကော်ဖီဇွန်း
သကြား ။ ။
ကြက်သွန် အဝါ ပါးပါးလှီး တလုံး တ ဝက်
​ငရုတ်သီး အနီအရှည် ။ ။ ၅ ခု
ထိုင်းပင်စိမ်း ၂၀ ရွက်
ဆီ ၅ ထမင်းစားဇွန်း
ထမင်း ၁ လုံး
ကြက် ဥ ၁ လုံး
အချိုမှုန့် /ကြက်သားမှုန့် ကြိုက်ရင်ထည့်ပါ
ချက်ပြုတ်ပုံ
✅ဒယ်အိုး မာ ဆီထည့် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ငရုတ်သီး ကို အညိုရောင်သန်းလာတဲ့ အထိကြော်ပါ
✅နုတ်နုတ်စင်း ထားတဲ့ အသား ထည့် ကြော်ပါ
ချက်လာပြီးဆို ကြက်သွန်ဝါ ငရုတ်သီး အနီရှည် တောင့် ခရုဆီ ငံပြာရည် သကြား ငံပြာရည် အနာက်
ထည့်မွှေပြီးရင် ကြက်စွတ်ပြုတ်ရည် အနည်းငယ်ထည့ပြီး ခဏထားပါ
✅အနည်းငယ်ခြောက်လာပြီးဆို ထိုင်းပင်စိမ်း ထည့်ပြီး မွှေပြီးရင် ထမင်းထည့်ပါ
✅ အလှဆင်ဖို့ ထိုင်းပင်စိမ်း ရွက် ကို ဆီပူ မာ ကြော်ထားတာ ကို အပေါ်က နေ တင်ပေးလိုက်ပါ
ဘေး မာ သခွားသီး နဲ့ အစမ်ပြေတွဲစားပါ နော်

ကြက်ဥ ကတော့ တချို့ လဲ ထည့် ​ကြော် ကြပါတယ်
မိမိအဆင်ပြေ သလို့ ကြော်စားနိုင်ပါတယ်
ပုဇွန် ၊ ပင်လယ်စာ ၊ ကြက် ၊ ဝက် ၊အမဲသား
ကြိုက်ရာ နဲ့ ကြော်စားနိုင်ပါသေးတယ် နော်

image