နည်းပြ ကွန်ပနီကို ဘိုင်ယန်မြူးနစ်အသင်း စာချုပ်သစ်ချုပ်ဆို
-------------------------
ဘိုင်ယန်မြူးနစ်အသင်းနဲ့ နည်းပြ ကွန်ပနီတို့ဟာ ၂၀၂၉ ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက် ပါတယ်။ အသက် ၃၉ နှစ်အရွယ် ကွန်ပနီရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အခုရာသီမှာ အသင်းကို ရှုံးပွဲမရှိအောင် ဦးဆောင်ထားနိုင်တဲ့ ကွန်ပနီရဲ့ စွမ်းဆောင်ရည်ကို သဘောကျတဲ့အတွက် အခုလို စာချုပ်သစ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံသား ကွန်ပနီဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အသင်း ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံး ဘောလုံးရာသီမှာပဲ ဘွန်ဒက်စ်လီဂါချန်ပီယံဆုရအောင် ဦးဆောင်ပေးနိုင်ခဲ့ တာဖြစ်ပါတယ်။ အခုရာသီအစပိုင်းမှာ လည်း ကွန်ပနီဟာ ဘိုင်ယန်အသင်းကို ဂျာမနီစူပါဖလား ရအောင် ဦးဆောင် ပေးထားသလို ကွန်ပနီလက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်း ပြိုင်ပွဲစုံ ၆၇ ပွဲကစားထားရာ ၄၉ ပွဲနိုင်၊ ၉ ပွဲသရေနဲ့ ၉ ပွဲရှုံးမှတ်တမ်းရရှိထားတာ ဖြစ်ပါ တယ်။
သူ့ကိုယုံကြည်မှုအပြည့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ကျေးဇူးတင်သလို အသင်းနဲ့ အတူ အတွေ့အကြုံကောင်းတွေကို ရခဲ့တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ကွန်ပနီ က ပြောပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပွဲတွေမှာ တစ်ပွဲပျမ်းမျှရမှတ် ၂ ဒသမ ၅၁ မှတ်အထိ ရခဲ့ပြီး ဘိုင်ယန်နည်းပြတွေထဲ သူ့ထက်ရမှတ်ပိုယူ နိုင်ခဲ့တာဆိုလို နည်းပြဟောင်း ဂွါဒီယို လာသာ ရှိတာဖြစ်ပါတယ်။