နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံအားပေးမှုပိုမိုရရှိလာဟုဆို
-------------------------------------------
နိုင်ငံတကာမျက်နှာစာဘက်မှာ နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတကာခေါင်းဆောင်တွေအကြား ထိတွေ့ဆက်ဆံမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မိမိတိုနိုင်ငံအပေါ် ထောက်ခံအားပေးမှုနဲ့ စီးပွားရေးအရပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေပိုမိုရရှိလာတယ်လို နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောပါတယ်။
အောက်တိုဘာ၂၂ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးမှာ ဦးညိုစောက အခုလိုပြောကြားလိုက်တာပါ။
ဒါကြောင့်ဝန်ကြီးဌာနတွေအနေနဲ့လည်း နိုင်ငံတော်ဖွံဖြိုးတိုးတက်ဖိုအတွက် အခွင့်အလမ်းတွေထဲက နည်းပညာဖွံဖြိုးမှုနဲ့ ပြည်ပကုန်သွယ်မှုတိုဟာ အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက် သက်ဆိုင်ရာလုပ်ငန်းတွေအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြဖိုလိုတယ်လို ပြောပါတယ်။
စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သီးနှံအထွက်တိုးမြှင့်ရေးဟာ နိုင်ငံရဲ့ အဓိကပန်းတိုင်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲချမှတ်ထားတဲ့ “နိုင်ငံတော်ရွှေသီးဖို ကုန်ထုတ်လုပ်မီုအားပေးစို"ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ပြီး စားနပ်ရိက္ခာလုံလောက်စွာရရှိနိုင်စေရေး ဆောင်ရွက်ပေးရမှာဖြစ်တယ်လို ပြောပါတယ်။
စက်မှုကဏ္ဍနဲ့ပတ်သက်ပြီးတော့လည်း အသေးစား၊ အငယ်စားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားစေလိုပြီး အကျိုးအမြတ်ထက် တည်ငြိမ်ပြီးတိုးတက်မှုကိုဦးစားပေးတဲ့ ထုတ်လုပ်မှုနဲ့ စက်မှုဖွံဖြိုးမှုဖြစ်စေရေး ဦးတည်ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှုနဲ့ အရေးယူမှုတွေနဲ့ပတ်သက်ပြီး တရားမဝင်ကုန်သွယ်မှုတွေကို သက်ဆိုင်ရာဌာနတွေက အခုထက်ပိုမိုတားဆီးကြပ်မတ်ဆောင်ရွက်စေလိုတယ်လိုလည်း ပြောပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး လူတိုင်းပညာသင်ယူမှုအခွင့်အလမ်းတွေမြှင့်တင်ရေး၊ နိုင်ငံသားတိုင်း KG+9 ပြီးမြောက်အောင်မြင်ရေး၊ အခြေခံပညာနဲ့ စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး ကျောင်းတွေ အားပေးဆောင်ရွက်ရေး၊ ကျောင်းသူ၊ ကျောင်းသားတွေ ရာနှုန်းပြည့်နီးပါးအတန်းစဥ်အောင်မြင်ရေးနဲ့ ပညာဆုံးခန်းတိုင်အောင်သင်ကြားပေးရေး၊အတန်းစဥ်ကူး ပြောင်းရာမှာရှိရင်း ကျောင်းသားဦးရေထက် လျော့နည်းမသွားစေရေး ကြပ်မတ်ဆောင်ရွက်ရေးနဲ့ နိုင်ငံတော်ကချမှတ်ထားတဲ့ “နိုင်ငံတော်ဖွံဖြိုးဖို ပညာရေးကိုအားပေးစို" ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို ပြောပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲက “ဆေးရုံတိုင်းဆရာဝန်ရှိရမယ်"လို မူဝါဒချမှတ်ပေးထားတဲ့အတွက် ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ဖြည့်ဆည်းခန့်ထားပေးဖိုလိုတယ်လို ပြောပါတယ်။
အားကစားကဏ္ဍအနေနဲ့လည်း နိုင်ငံတော်အကြီးအကဲအနေနဲ့ အားကစားကဏ္ဍကို အားပေးမြှင့်တင်နေပြီး ထိုင်းနိုင်ငံကိုသွားရောက်ယှဉ်ပြိုင်မဲ့ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ဖိုလိုတယ်လို ပြောပါတယ်။
ဘဏ္ဍာရေးနဲ့ အခွန်ကဏ္ဍနဲ့ စပ်လျဉ်းပြီးတော့လည်း အခွန်ကဏ္ဍဟာအရေးကြီးတဲ့အတွက် အခွန်ကောက်ခံမှုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားဖိုလိုတယ်လို ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲမှာအသုံးပြုမဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို ပြည်သူတွေ အသုံးပြုတတ်စေဖို ပညာပေးရေး၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရေးတိုကို အလေးထားဆောင်ရွက်ရမယ်လိုလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်အနေနဲ့လည်း အခုကဏ္ဍတွေနဲ့ပတ်သက်ပြီး အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေမှာ အလျဉ်းသင့်သလို ထည့်သွင်းဆွေးနွေးပြောဆို မှာကြားခဲ့တာတွေ ရှိပါတယ်။