ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ တခြားသူတွေအပေါ် မှီခိုနေရရင် အဲဒီလို ပျော်အောင် လုပ်ပေးမဲ့သူတွေ မရှိတော့တဲ့ တစ်နေ့ ၊ ကိုယ့်အနားက ထွက်ခွာသွားတဲ့ တစ်နေ့ ရောက်လာခဲ့ရင် ကိုယ်ဟာ အရုပ်ကြိုးပြတ် ကျန်နေခဲ့ရလိမ့်မယ် ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ဘာလဲ မသိတော့ဘူး ၊ ပျော်အောင် ဘယ်လို နေရမလဲ မသိတော့ဘူး ၊ ကိုယ်ဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ရဲ့လားတောင် မသိတော့ပါဘူး ။ ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူတွေရှိတာ ကောင်းပါတယ် ။ ဒီလူတွေကြောင့် ကိုယ်ပျော်ရွှင်ရတယ်ဆိုရင်လဲ ကောင်းပါတယ် ။
တစ်ဆက်တည်းမှာပဲ ဒီလူတွေ မရှိရင်ကော ငါဘယ်လို ပျော်အောင်နေမလဲ ဆိုတာကိုပါ သင်ယူထားဖို့ လိုပါ တယ် ။ သေချာတာက ဘယ်လိုဆက်ဆံရေးတွေမဆို သေကွဲ ၊ သို့မဟုတ် ရှင်ကွဲ ခွဲခွာကြရမှာ မဟုတ်လား ။ ဘယ်သူကမှ ကိုယ့်ကိုပျော်အောင် မထားနိုင်ရင်လဲ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ဘယ်လိုထားမလဲဆိုတာကို သေချာသင်ယူထားပါ ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ရမယ် ၊ ချစ်ခင်တတ်ရမယ် ။ ကိုယ့်ကို ပျော်ရွှင်မှုပေးစေတဲ့ အရာတွေကို အမြဲရှာဖွေတတ်ရပါမယ် ။ ကိုယ့်ကို ပျော်အောင်ထားဖို့ ဘယ်သူမှာမှ တာဝန်မရှိဘူး ။ ကိုယ်ကိုယ်တိုင်မှာပဲ တာဝန် အပြည့်အဝ ရှိပါတယ် ။
#စူးရှမေ

image