1 w - Translate

အင်္ဂလန် သတင်းစာ အယ်ဒီတာဟောင်းဖြစ်သူ Brendon Grimshaw ဟာ Seychelles (ဆေးရှဲ) ကျွန်းစုရှိ Moyenne (မွိုင်ယန်) ကျွန်း ကို ၁၉၆၂ ခုနှစ်မှာ ပေါင် £၈,၀၀၀ (ယခုခေတ်တန်ဖိုးအရ ပိုများနိုင်) နဲ့ ဝယ်ယူခဲ့ပါတယ် အဲ့ဒီအချိန်က ကျွန်းဟာ နှစ်ပေါင်း ၅၀ နီးပါး စွန့်ပစ်ထားတဲ့အတွက် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေပါတယ်
သူဟာ ၁၉၇၃ ခုနှစ်မှစပြီး၂၀၁၂ ခုနှစ် ကွယ်လွန်ချိန်အထိ ကျွန်းပေါ်မှာ တစ်ဦးတည်းသော နေထိုင်သူ ဖြစ်လာခဲ့ပြီး Seychelles ဒေသခံ René Lafortune ဆိုတဲ့ သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ နှစ် ၄၀ ကြာ သဘာဝ ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်
Grimshaw ဟာ သစ်ပင် ပေါင်း ၁၆,၀၀၀ ကျော် ကို စိုက်ပျိုးခဲ့ပြီး ဒေသရင်း အပင်မျိုးစိတ် ၄၅ မျိုးအထိကိုစိုက်ပျိုးခဲ့ပါတယ် အဲ့ဒီထဲမှာ Coco de Mer (ကိုကိုးဒါးမဲ) လို့ခေါ်တဲ့ အုန်းပင် မျိုးစိတ် ၁၃ မျိုးလည်းပါဝင်ပါတယ်
အနီးအနားကျွန်းများမှ ပျောက်ကွယ်နေတဲ့ တိရိစ္ဆာန် မျိုးစိတ်တွေကိုလည်းပြန်လည် အသက်သွင်းပေးခဲ့ပါတယ် အဲ့ဒီထဲမှာ အထင်ရှားဆုံးကတော့ Aldabra ဧရာမလိပ်ကြီးများ (Giant Tortoises) တွေဖြစ်ပြီး စုစုပေါင်းအကောင် ၁၂၀ ကျော် အထိ ရှိလာခဲ့ပါတယ် အဲ့တာအပြင် ငှက်မျိုးစိတ် ၂,၀၀၀ ခန့်ကိုလည်း မွေးမြူခဲ့ပါတယ် ကျွန်းတစ်ဝိုက်မှာ စုစုပေါင်း ၅ ကီလိုမီတာ နီးပါး ရှည်လျားတဲ့ လမ်းတွေကို ဖောက်လုပ်ခဲ့ပြီး ၎င်းဟာ ခရီးသွားတွေအား ကျွန်းရဲ့သဘာဝ အလှကို လည်ပတ်ခံစားနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါတယ်
Grimshaw ဟာ ကျွန်းကို ဒေါ်လာ သန်း ၅၀ အထိ ပေးပြီးတော့ ဝယ်မယ့်သူတွေရှိပေမဲ့လည်းမရောင်းခဲ့ပါဘူး သူဟာ ကျွန်းရဲ့အနာဂတ် ရေရှည်တည်တံ့ရေးအတွက် Seychelles အစိုးရနဲ့ ပူးပေါင်းကာ ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ခဲ့ပါတယ် ၂၀၀၉ ခုနှစ်မှာတော့ Moyenne ကျွန်းကို အမျိုးသား ဥယျာဉ် (National Park) အဖြစ် တရားဝင် ကြေညာခဲ့ပြီး ယခုအခါ ကမ္ဘာ့ အသေးဆုံး အမျိုးသား ဥယျာဉ်တွေထဲမှ တစ်ခုဖြစ်ပါတယ်
Grimshaw ကွယ်လွန်ပြီးနောက် Moyenne Island Foundation အမည်ရှိ ဖောင်ဒေးရှင်းက ကျွန်း ကိုဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါတယ်
#knowledge #facts #ဗဟုသုတ #whatthefacts #fblifestyle

image