1 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
⬛အဆင့်မြှင့်တင်မှုများပြုလုပ်မည်ဖြစ်၍ မြန်မာ-တရုတ်နယ်စပ် ပန်ဆန်း(မုန်အားဂိတ်) ကုန်သွယ်ရေးများ ယာယီရပ်ဆိုင်းထား
အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်၍ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော ပန်ဆန်း(မုန်အားဂိတ်)(ဝဲပုံ) အား နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များကို ယာယီရပ်ဆိုင်းထားမည်ဖြစ် သော်လည်း လူအဝင်/အထွက်နှင့် ကားများ၊ စီးပွားရေးကုန်စည်အကြီး စားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကို ပုံမှန်အတိုင်း ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းအား နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဆောင်ရွက်မည် ဖြစ်၍ နယ်စပ်ရေးရာကူးသန်းရောင်း ဝယ်ရေးစင်တာကို သုံးလခန့် ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ယာယီပိတ်ထားစဉ် နယ် စပ်ဒေသနေသူများ၊ ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းများနှင့် တာဝန်ရှိ သူများသည် (၂၀၀)နံပါတ်လမ်း ဘက်ရှိ သတ်မှတ်နေရာများ၌ လုပ်ငန်းများ ဆက်လက်ဆောင်ရွက် နိုင်ကြောင်း သိရသည်။

image