ခြင်္သေ့ဟန်ဆောင်သောမြည်း

🎀🎀🎀🎀🎀🎀🎀🎀🎀🎀

တစ်နေ့မှာ တောတစ်တောမှာနေထိုင်တဲ့ မြည်းတစ်ကောင်ဟာ ခြင်္သေ့ဟန်ဆောင်ပြီး တောထဲက တိရစ္ဆာန်တွေကို ဒုက္ခပေးဖို့ ထွက်လာခဲ့သတဲ့။

တိရစ္ဆာန်အားလုံးဟာ မြည်းကို ခြင်္သေ့ထင်ပြီး ကြောက်လန့်ကာ အရိုအသေပေးကြတာပေါ့။ ခဏကြာပြီးတော့ မြည်းဟာ မြေခွေးတစ်ကောင်ကို တွေ့လိုက်တာပေါ့။ ခြင်္သေ့ဟန်ဆောင်ထားတဲ့မြည်းဟာ သူ့ရဲ့အသံအစစ်နဲ့အော်လိုက်မိတဲ့အတွက် မြေခွေးအတွက် အကြောင်းမထူးဘူးပေါ့။ ဒါ့ပြင် မြေခွေးဟာ အားရပါးရရယ်လိုက်ပြီး " မင်းဘယ်သူလဲဆိုတာ ငါသိတယ်။ မင်းကို ကြောက်စရာအကြောင်းမရှိဘူး"လို့ ပြောလိုက်သတဲ့။
မြည်းဟာ မြေခွေးစကားကိုကြားတော့ ခေါင်းငုံ့ကာ ထွက်ပြေးသွားတော့သတဲ့။ ။

image