ထိုင်းနိုင်ငံရေး ကြီးမားသောအပြောင်းအလဲနှင့်ရင်ဆိုင်နေရ

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုံတန်သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ၄င်း၏ဖြူထိုင်းပါတီ၏ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သဖြင့် ထိုင်းနိုင်ငံ‌ရေးသည် ကြီးမား‌သော အပြောင်းအလဲနှင့် ရင်ဆိုင်နေရသည်။

ပါတီဝင်များထံပေးစာတွင် နုတ်ထွက်ရသည့်အကြောင်းရင်းကို ဤရှင်းပြရာ၌ "ဒီနေ့မှာတော့ ဖြူထိုင်းပါတီရဲ့ ခေါင်းဆောင်ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကကြေငြာခဲ့တဲ့အတိုင်း ဖြူထိုင်းပါတီကို ပြန်လည်ပြင်ဆင်ဖို့ အစပြုလိုက်တာပါ။ ဒါဟာ ပြည်သူတွေအတွက် အမှန်ကန်ဆုံးပါပဲ။ အနာဂတ်မျှော်မှန်းချက် အမြင်အသစ်နဲ့ ရဲရင့်တဲ့အပြောင်းအလဲပဲဖြစ်ပါတယ်" ဟု သူက ပြောကြားခဲ့သည်။

"လက်ရှိမှာ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက ပျ-က်စီးလွယ်၊ ထိလွယ်ရှလွယ်တယ်။ ပြီးတော့ ရှုပ်ထွေးပြီး ခန့်မှန်းရခက်တဲ့ ခေတ်အခြေအနေဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲမှာ အရေးအပါဆုံး အသွင်ကူးပြောင်းရေးအဆင့်ကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ဖြူထိုင်းပါတီကို ပြန်လည်ပြင်ဆင်ဖို့၊ အသွင်ကူးပြောင်းဖို့၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်နဲ့တွေးခေါ်ပုံအားလုံးကို ပြောင်းလဲဖို့ လိုအပ်နေပါတယ်။

"ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး ထိုင်းနိုင်ငံကို ပြန်လည် ပြုပြင်တည်ဆောက်ဖို့လိုအပ်နေပါတယ်။ ဖြူထိုင်းပါတီအတွက် အပြောင်းအလဲကိုတတ်နိုင်သမျှ အမြန်ဆုံးစရမယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ ပါတီကို လွတ်လွတ်လပ်လပ် ပြန်လည်ပြင်ဆင်ပြီး ပြီးပြည့်စုံတဲ့ ပါတီသစ်တစ်ခုတည်ဆောက်နိုင်စေဖို့ ပါတီခေါင်းဆောင် ရာထူးမှ နုတ်ထွက်ဖို့ရွေးချယ်ခဲ့တာပါ" ဟု အဆိုပါ စာတွင်ဖော်ပြထားကြောင်းသိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ဩဂုတ်လ ၂၉ ရက် စီရင်ချက်အရ ပေတုံတန်သည် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် စကားပြောဆိုသည့်အသံဖိုင်ပေါက်ကြားမှုနှင့်ပတ်သက်၍ ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ပါတီစည်းမျဥ်းများတွင် မဖော်ပြထားသော်လည်း သူ၏လက်ရှိ တရားရင်ဆိုင်နေရသည့်အခြေအနေကြောင့် အနာဂတ်တွင် သူ့ပါတီကိုယ်စားလှယ်လောင်းများ အမည်တင်သွင်းမှုကို ရှုပ်ထွေးစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော်ပါတီခေါင်းဆောင်ကလွှတ်တော် ကိုယ်စားလှယ်လောင်းများကိုထောက်ခံ လက်မှတ်ရေးထိုးရမည့် လုပ်ငန်းက ရှိနေသည်။

“ဟွန်ဆန်အမှုမှာ အသနားခံစာ ပယ်ချခံရရင် ပါတီကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်နိုင်မှာ မဟုတ်ပါဘူး၊ ပါတီ အနာဂတ်ပျ-က်စီးမှုကို တားဆီးဖို့ကြိုတင်ကာကွယ်မှုတစ်ခုပါ”ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

image