အီဂျစ်ကလာတဲ့ ရှေးဟောင်းပစ္စည်းမှာ ကပ်ပါလာတဲ့ ကျတ်တစ္ဆေကြီးများ 😳😳
ထိတ်လန့်စရာ Jumpscare များများနဲ့ သရဲကားကောင်း ကြည့်ချင်တဲ့ ပရိသတ်တွေကို
ဟောလိုဝင်းအမီ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။
အီဂျစ်နိုင်ငံကလာတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို တားမြစ်ထားတဲ့ကြားကနေ ဖွင့်ကြည့်မိတဲ့
လူတစ်ယောက်ဟာ မကောင်းဆိုးဝါးနတ်ဆိုးရဲ့ ပူးကပ်ခြင်းကို ခံရပြီးတော့ သူ့ရဲ့ သမီးကလေးတစ်ယောက်
ဖြစ်သူ အဘီဂေးလ်ဆိုတဲ့ ကောင်မလေးကို နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ခဲ့ပါတယ်။
အဘီဂေးလ်ဟာ မွေးရာပါ နှုတ်ခမ်းကွဲနေပြီးတော့ လူတောမတိုးတဲ့အပြင် ဖခင်ဖြစ်သူရဲ့ နှစ်ရှည်လများ
အနိုင်ကျင့်မှုတွေ နှိပ်စက်မှုတွေကြောင့် စိတ္တဇဖြစ်လာခဲ့တာပါ။
အဲဒီနောက်မှာတော့ သူမဟာ ကလေးငယ်တွေ အများကြီးကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ပြီး
သူ့ကိုယ်သူလည်း သေနတ်နဲ့ ပစ်သတ် အဆုံးစီရင်သွားခဲ့ပါတယ်။
ထူးဆန်းတာတစ်ခုက အဘီဂေးလ် ဖမ်းဆီးထားခဲ့တဲ့ ကလေးတွေထဲက မိုက်ကီဆိုတဲ့
ကလေးတစ်ဦးဟာ ရှင်ကျန်နေခဲ့ပြီး မူမမှန်တဲ့ ပုံစံ ဖြစ်ကျန်ခဲ့တာပါ။
သူမ ဘာကြောင့် ဒီကလေးတွေကို သတ်ဖြတ်ခဲ့တာလဲ၊ ကျန်ရစ်ခဲ့တဲ့ ကလေးကရော
ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာကတော့….။
Crd