သီပေါ - နမ္မတူလမ်း မိုးတေဘက်ထိ အစိုးရတပ် စစ်ကြောင်းတွေ ရောက်ရှိလာ

အောက်တိုဘာ ၂၂

သီပေါ - နမ္မတူလမ်း မိုးတေဘက်ထိ အစိုးရတပ် စစ်ကြောင်းတွေ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"မနေ့က ပြောပုံအရ ဆိုတော့ မိုးတေကျော်သွားပြီ။ ဟိုတခါ လေယာဉ် ဗုံးကြဲ ခံရတဲ့ ဘုန်းကြီးကျောင်း ရှိတဲ့နားရောက်ပြီ။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

သီပေါမြို့ထဲ စစ်တပ် ဝင်လာတော့ TNLA တပ်ဖွဲ့တွေက မိုးတေဘက်၊ မံစံ၊ နမ္မတူ ဘက်ပဲ ဆုတ်တာကြောင့် စစ်ကြောင်းတွေက အဲဒီဘက် လမ်းကြောင်းပဲ သွားတာလို့ သူက ပြောပါတယ်။

"မြို့ပြင်မှာလည်း တိုက်ပွဲ ဖြစ်သံတွေ မကြားရတော့ဘူး။ တော်တော် ငြိမ်သွားပြီ။" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစ ကစ ကျောင်းလည်း စဖွင့်ပြီ ဖြစ်ပြီး မှတ်ပုံတင်တွေလည်း ဘုန်းကြီးကျောင်း တကျောင်းမှာ စလုပ်ပေးနေပြီဖြစ်ကာ MPT ဖုန်းလိုင်းလည်း မနေ့ကစ ပွင့်ပြီလို့ သူက ပြောပါတယ်။

အစိုးရတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်းသီပေါကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နမ္မတူ၊ နမ့်ဆန် မြို့တွေဘက်ကို ဦးတည် ထိုးစစ်ဆင်နေပြီး မိုးတေဘက် ရောက်လာပြီဖြစ်ကြောင်း ပြောပါတယ်။

သီပေါမြို့ကို အစိုးရတပ်တွေက အခုလ အောက်တိုဘာလ ၁၆ ရက်နေ့က ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

image