S*ye R*aa N*ar*as*im*ha R*ed*dy [2019]
၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။
တေလဂူးမင်းသားချော ဘိုင်ရာဘာလို အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။
မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။
မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊ နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊ လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တိုအပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။
၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ နရဆင်းမဟာရက်ဒီရဲ့ အတၳုပတ္တိကို ပြန်လည်ရိုက်ကူးထားတာပါ။