အယူသီးသောဘုရင်

✅✅✅✅✅✅✅

ရှေးအခါက ဗေဒင်ပညာကို လွန်စွာယုံကြည်သော မင်းတစ်ပါးရှိလေ၏။ ထိုသို့ယုံကြည်ရုံသာမက အယူလည်းသီး၏။ ထိုမင်းအကြောင်းကို သိနေသော ဗေဒင်ဆရာများသည် မင်းကြီး အကြိုက်လိုက်ပြီးပြောဆိုကာ ဆုတော်လာဘ်တော်များ ရကြလေ၏။

တစ်ခါမှာတော့ ဗေဒင်ဆရာတစ်ဦးသည် မင်းကြီးအား" ကျီးမောင်နှံကို တွေ့မြင်ပါကံကောင်းသည်"ဟုဆိုကာ မင်းကြီးပေးသော ဆုတော်လာဘ်တော်များကို ယူကာ ပြန်သွားလေ၏။ မင်းကြီးသည် ဗေဒင်ဆရာ၏စကားကို ယုံကြည်ပြီး ဝန်ကြီးကိုခေါ်ကာ "ကျီးမောင်နှံကိုတွေ့ရင် ငါကိုယ်တော်ကို လျှောက်တင်ပါ။ ဒါအလုပ်ပဲ။ ခုလုပ်ပါ။ တခြားကိစ္စတွေကို နောက်မှလုပ်"ဟု အမိန့်တော်မှတ်၏။

ဝန်ကြီးသည် နန်းတော်အပြင်ထွက်ကာ ကျီးများကို တစ်နေ့လုံး စောင့်တော့သည်။ နောက်တစ်နေ့တွင် ဝန်ကြီးသည် နန်းတော်ပတ်ဝန်းကျင်ရှိ သစ်ပင်ပေါ်တွင် နားနေသော ကျီးနှစ်ကောင်ကို တွေ့လေ ၏။ ဝန်ကြီးလည်း မင်းကြီးအား အပြေးအလွှား သွားလျှောက်၏။

"အရှင်မင်းကြီး_ _ _ _အမြန်ကြွတော်မူပါ။ အရှင် စောင့်ကြည့်ခိုင်းထားတဲ့ ကျီးမောင်နှံ သစ်ပင်ပေါ်မှာ နားနေပါတယ်"ဟု သက်ပြင်းချကာ လျှောက်ထားလိုက်၏။ မင်းကြီးလည်း အလျင်စလို လိုက်လာ၏။ သို့သော် ကျီးတစ်ကောင်သည် ပျံသွားလေ၏။

မင်းကြီးသည် သစ်ပင်ပေါ်တွင် နားနေသော ကျီးတစ် ကောင်ကိုသာ တွေ့ရသည့်အတွက် ဒေါသဖြစ်သွား၏။
''အသင်ပဲ ကျီးမောင်နှံကိုတွေ့လိုက်တာဆိုတော့ အသင်ကံကောင်းတာပဲ။ သင့်ကို ကြိမ်ဒဏ်၁၀ ချက်အပြစ်ပေးရမယ်"ဟု မိန့်လိုက်၏။ မင်းမှုထမ်းများသည် ဝန်ကြီးကို ကြိမ်ဒဏ်ပေးလေ၏။ ထိုအခါ ဝန်ကြီးသည် ကျယ်လောင်စွာ ရယ်လိုက်၏။ ထိုအခါ မင်းကြီးအံ့ဩသွား၏။

''ဘာကြောင့်ရယ်သလဲ"ဟု မင်းကြီးက မေးလိုက်၏။
''ဘာမှမဟုတ်ပါဘူး။ ကျီးမောင်နှံကို တွေ့ရလို့ ကံကောင်းတယ်ဆိုတာက ဘာလဲ။ ကြိမ်ဒဏ် ၁၀ချက် လား။ ဒါကြောင့် ရယ်တာပါ။ ကံကောင်းတာက ဒါပဲလေ"ဟု ပြောလိုက်သည်။ ဝန်ကြီးစကား ကြောင့် မင်းကြီးလည်း သူ့အမှားအတွက် ရှက်သွားတော့သည်။ ထိုအချိန်မှ စ၍ မင်းကြီးသည် အယူသီးတာမျိုး မရှိတော့ချေ။ ။

image