အရသာရှိတဲ့ မုန့်ဟင်းခါးချက်နည်း 
ပါဝင်ပစ္စည်းများ  
👉 မုန့်ဖက် ၂ ပိဿာ (သို့) ၃ ပိဿာ 
👉 ငါးခူ (၅၀)သား ။ ငါးကြင်း (၅၀)သား 
       အဆင်ပြေအရသာရှိတဲ့ငါးအသုံးပြုရ 
👉 နနွင်းမှုန့် ။ ငံပြာရည် ။ ကြက်သွန်ဖြူ 
👉 ဂျင်း ။ ကြက်သွန်နီ ။ ငှက်ပျောအူ 
👉 ဆန်လှော်မှုန့် ။ အရသာမှုန့် ။ ဆီ  
👉 ထန်းလျက် ။ စပါးလင် ။  
ပြုလုပ်ပုံအဆင့်ဆင့်  
ပထမဦးစွာ ငါးခူ ။  ငါးကြင်း တို့ကို 
နနွင်းမှုန့် ငံပြာရည်တို့နဲ့ပြုတ်ထားရပါမယ် 
ရေခမ်းအောင်ပြုတ်ပြီး အသားနွှင်ကာ 
ကြက်သွန်ဖြူ ။ ဂျင်း ။ စပါးလင်ထောင်းနဲ့ဆီသပ်ထားပေးပါ  
ငါးဖယ်ရိုးတစ်ပိသာခွဲကိုနူးအောင်ပြုတ် 
ပြီးရင်ငါးပြုတ်ရည်ကိုစစ်ယူထားပါ အကယ်၍ ခဏတုန်းက ပြုတ်ထားတဲ့ ငါးပြုတ်ရည်လည်း ယူလို့ရပါတယ်နော် 
ပြီးနောက်  ငါးပြုတ်ရည်ကိုပွက်ပွက်ဆူတဲ့ထိချက်ပါ  ရေနည်းနေလျှင်ရေထပ်ထည့်ရပါတယ် 
ပြီးလျှင် ငါးဆီသပ်ထားတွေကိုထည့်ပါ  
ဆန်လှော်မှုန့် ၁၅ ကျပ်သားအရည်ဖျော်ပြီးထည့်ပါ မြေပဲဆံလှော်ထောင်း ၅ ကျပ်သားထည့်ပါ (မထည့်လည်းရ) ငံပြာရည် ထန်းလျက်ခဲတို့ထည့်ပြီးကြာကြာလေးပေးရပါမယ် 
ပြီးနောက် အရသာအတွက်ဟင်းခတ်မှုန့်သုံးလို့လည်းရပါတယ် ငါးများရင်တော့ချိုပါတယ် အရသာအဆင်ပြေပြီဆိုရင် ငှက်ပျောအူ နဲ့ကြက်သွန်နီဥသေးလေးတွေထည့်ပါ ကြာကြာလေး ချက်ပြီး ဆူပွတ်စေပြီးရင် အရသာထပ်မြည်းကြည့်ပါ အဆင်ပြေပြီဆိုရင် ရပါပြီနော် 
မုန်းဟင်းခါးရည် ရပြီဆိုရင် ပန်းကန်ထဲ မုန့်ဖက်ထည့်ပြီး ဟင်းခါးရည်ထည့်ကာ ငရုပ်သီးအကျတ်မှုန့် ကြက်သွန်ဖြူ ဆီချက် နံနံပင်ထည့်ပြီးစားလို့ရပါပြီနော် အိုးဘဲဉပါစားချင်တယ်ဆိုရင် မုန့်ဟင်းခါးရည်စတည်ကတည်းက ဘဲဉကိုပြုတ်ပြီးအခွံခွာထည့်ထားလို့ရပါတယ်နော်  
အကြော်စုံနဲ့လည်းထည့်ပြီးစားလို့ရပါတယ်နော် မုန့်ဟင်းခါးချက်စားရအောင် ပို့စ်ကိုရှဲထားကြပါနော်