1 ပတ် - ဘာသာပြန်ပါ။

ထင်မှတ်မထားလောက်အောင်ကို ဆေးဖက်ဝင် အစွမ်းထက်တဲ့ ခေါင်ရန်းပန်းပင်၏ အာနိသင်များ
---------------------------------------------------
ပန်း၏ အမည်က"Hibiscus "ဆည်းလည်းပန်း ဖြစ်ပါတယ်။ အချို့ကတော့ ခေါင်ရန်းပန်းလို့ ခေါ်ပါတယ်။ ခေါင်ရန်းပန်းပန်းကို ဆေးဖက်၀င်မှန်း တော်တော်များများ မသိရှိကြပါဘူး။
ဒီပန်းကို ခူးဆွတ်ပြီး ခြောက်သွေ့အောင် နေလှန်း၍ လက်ဖက်ခြောက် လိုမျိုး ရေနွေးကျိုသောက်ပေးခြင်းဖြင့် ရောဂါတချို့ကို သက်သာပျောက်ကင်းစေပါတယ်။
အခြားသော တိုင်းပြည်များမှာတော့ ဆေးစွမ်းလွန်းအားကြီးလို့ ပရဆေးဆိုင်များမှာ အပွင့်ခြောက်များကို ရောင်းချလေ့ရှိပါတယ်။
ခေါင်းရမ်းပင် ဆိုတာက ဝတ်ဆံ ဝါဝါလေးတွေနဲ့ ပွင့်ဖက် ဝတ်ဆံတိုင် နီနီရဲရဲ နဲ့ တွဲလောင်းပွင့်တတ်တဲ့ ပန်းလှလှလေးတွေ ပွင့်တဲ့ အပင် တစ်မျိုးပါ။ အရွက်လေးတွေက ဝိုင်းဝိုင်းဖားဖားလေးတွေရှိပါတယ်။
အဖျားမှာ အရွက် ချွန်ချွန်လေးတွနဲ့လည်း ရှိပါတယ်။ ခေါင်ရမ်းပန်းက အနီ၊ အဖြူ၊ ပန်းရောင်၊ ခရမ်း ဆိုပြီး အမျိုးမျိုး ရှိကြပေမယ့် မြန်မာနိုင်ငံမှာတော့ အနီရောင်ကိုပဲ အတွေ့ရ များပါတယ်။ အပင်ကြီးမျိုးတော့ မဟုတ်ပါဘူး။
ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား ဆိုတော့ ခေါင်းရမ်းပင်ရဲ့ အရွက်ရော အပွင့်ရောပါ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုမျိုးတွေ ဆေးဖက်ဝင်သလဲဆိုတာ ဖော်ပြပေးပါမယ်။
(၁) အဖျား သက်သာစေတယ်။
ခေါင်ရမ်းပင်က အဖျားကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဖျားနာမှုကို သက်သာစေဖို့ အဖျားကြောင့် ကိုယ်အပူချိန် မြင့်တက်တာကို သက်သာစေဖို့ အသုံးပြုကြပါတယ်။
(၂) ဝမ်းမှန်စေတယ်။
ဝမ်းမှန်စေဖို့လည်း ခေါင်ရမ်းပန်းကို အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့ ရပါတတယ်။ အသည်းကို ကျန်းမာစေသလို အစာခြေစနစ်ရဲ့ လုပ်ဆောင်မှု ကောင်းစေပြီး ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
(၃) သွေးဆုံးချိန် ပူစပ်ပူလောင် ဖြစ်တာကို သက်သာစေတယ်။
သွေးဆုံးချိန်မှာ ပူလောင်အိုက်စပ်စပ် ခံစားရတာ၊ အသားတွေ ပူနေသလို ခံစားရတာတွေကို သက်သာစေဖို့ အတွက်လည်း ခေါင်ရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။
(၄) ဆံပင် သန်စေတယ်။
ခေါင်းဦးရေပြားကို သေချာ သန့်စင်ပြီး ခေါင်ရမ်းပန်းကို ကြိတ်လို့ ရလာတဲ့ အနှစ်နဲ့ ပေါင်းတင်ပေးမယ်ဆိုရင် ဆံပင်တွေကို ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်သလို ဆံပင်သန်စေဖို့လည်း ကူညီပေးပါတယ်။
ဆံပင်ပါးသူတွေ၊ ဆံပင်ကျွတ်သူတွေအတွက် ဆံပင်ထူစေဖို့ လုပ်ဆောင်ပေးလို့ ရပါတယ်။ ခေါင်ရမ်းပန်းမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကလည်း ဆံပင်ကျွတ် သက်သာစေဖို့ ထောက်ကူပေးပါတယ်။
(၅) ကိုယ်ခံအား ကောင်းစေတယ်။
ခေါင်ရမ်းပန်းက ဆဲလ်တွေကို ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
ခေါင်ရမ်းပန်း ရေနွေးကြမ်းကို သောက်သုံးပေးတာက ကိုယ်ခံအားကို မြှင့်တင်ရာမှာ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။
(၆) အသည်း ကျန်းမာစေတယ်။
လေ့လာမှုတွေအရ သိရတာက ခေါင်ရမ်းပန်းက အသည်း ကျန်းမာစေဖို့နဲ့ အသည်းကို လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
(၇) အနာကျက်စေနိုင်တယ်။
အနာကျက်စေဖို့ ခေါင်ရမ်းပင် အရွက်ကို အသုံးပြုပေးလို့ ရသလို ခေါင်ရမ်းပန်း ပြုတ်ရည်ကို အသုံးပြုပေးလို့လည်း ရပါတယ်။
အနာကျက် မြန်စေသလို အရေပြား ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) သန်းကင်းစေတယ်။
ခေါင်းသန်းတွယ်တာကို သက်သာစေဖို့အတွက် ခေါင်းရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းကို ကြိတ်ခြေပြီး အနှစ်ကို ဦးရေပြားမှာ လိမ်းကျံပေးတာက သန်းကင်းစေဖို့ ကူညီပေးနိုင်မှာပါ။
ဆံပင်ဖြူတာကို သက်သာစေဖို့လည်း ခေါင်ရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။
သတိပြုရန်မှာ.........
ခေါင်ရမ်းပင်က ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိတယ်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ ရောဂါအခံ ရှိသူတွေ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ အသုံးမပြုခင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ရင် အသုံးမပြု သင့်ပါဘူး။
အမှာစကား.......
ခေါင်ရမ်းပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။
with respect - credit - မူရင်းရေးသားသူ

image