1 ပတ် - ဘာသာပြန်ပါ။

အမ်းမရိတ်ကွင်း ရေအေးကိစ္စ အာဆင်နယ်ကို တိုင်ကြားလာတဲ့ အက်သလက်တီကို
====================

ဒေါသထွက်နေတဲ့ အက်သလက်တီကိုမက်ဒရစ်ဟာ အမ်းမရိတ်ကွင်း ရေချိုးခန်းတွင် ရေအေးစနစ်သာအသုံးပြုစေမှုအတွက် အာဆင်နယ်ကို တိုင်ကြားမှု ပြုလုပ်လာပါတယ်။

ဒီယေဂိုဆီမြွန်နီဦးဆောင်တဲ့ အက်သလက်တီကိုဟာ ယနေ့ည ချန်ပီယံလိဂ်ပွဲကစားရန်အတွက် လန်ဒန်သို့ ရောက်နေပါတယ်။
လာလီဂါထိပ်သီးကလပ်ဟာ ပွဲမတိုင်မီ တနင်္လာနေ့ညမှာတော့ အမ်းမရိတ်ကွင်းတွင် လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်ခဲ့ပါတယ်။
လေ့ကျင့်ခန်းဆင်းအပြီး အဝတ်အစားလဲခန်းသို့ ပြန်လာချိန်မှာတော့ လာလီဂါစတားများဟာ ရေချိုးခန်းတွင် ရေအေးစနစ်သာ အသုံးပြုနိင်ခဲ့ပါတယ်။

Marca ရဲ့ ဖော်ပြလာမှုအရ အက်သလက်တီကိုမက်ဒရစ်ဟာ အမ်းမရိတ်ကွင်းမှာ ခေတ်မီ ကွင်းတစ်ကွင်း ဖြစ်ပေမယ့်လည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေအေးစနစ်သာ အသုံးပြုစေကာ အပူစနစ်မတတ်ဆင်ထားမှုအတွက် အကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်း သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီဟာ လီဗာပူးအား ရှုံးနိမ့်တဲ့ ပွဲတွင် အိမ်ရှင်ပရိသတ်များနှင့် ပြဿနာတက်မှုအတွက် ပွဲပယ်ခံထားရပြီး ပြီးခဲ့တဲ့လ ဖရန့်ဖတ်နှင့်ပွဲတွင် ကျခံခဲ့ပြီး ဖြစ်ပါတယ်။

ဒီယေဂိုဆီမြွန်နီဟာ ယနေ့ည အာဆင်နယ်နှင့်ပွဲစဉ်မှာတော့ အက်သလက်တီကိုအား ပြန်လည်ကြီးကြပ်လာပါမယ်။
ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် မီခေးလ်အာတီတာဟာ အက်သလက်တီကိုမက်ဒရစ်နည်းပြမှာ သူ လေးစားအားကျရတဲ့ နည်းပြများထဲမှ တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားသွားပါတယ်။

image