15 ပတ် - ဘာသာပြန်ပါ။

အခွံပြား စင်းရှောရေလိပ်များ
Genus - Lissemys
English Name - Flapshell Turtles
မြန်မာတစ်နိုင်ငံလုံးမှာတွေ့ရတဲ့ Burmese Flapshell Turtleကို မြန်မာ့စင်းရှောလိပ်လို့ခေါ်ပြီး Scientific Nameအရ Lissemys scutata ဖြစ်ပါတယ်။
အိန္ဒိယနယ်စပ် ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ရခိုင်ပြည်တို့ချင်းပြည်တို့မှာပဲ တွေ့ရတဲ့လိပ်မျိုးကို
Indian Flapshell Turtle ၊ ပြောက်စင်းရှောလို့ခေါ်ပါတယ် ၊ သူ့ရဲ့ Scientific Nameက Lissemys punctata andersoni ဖြစ်ပါတယ်။
ကွာခြားချက်က အဝါတောက်တောက်အစက်ပြောက်တွေ ပါတာနဲ့မပါတာပဲဖြစ်ပါတယ်။ မြန်မာစင်းရှောလိပ်က ဘာမှမပါဘဲ ပြောင်ဖြစ်နေပြီး အိန္ဒိယ စင်းရှောလိပ်မှာ အစက်​ပြောက်ဝါတွေပါပါတယ်။
အခွံပျော့လည်းမပျော့ မာလည်းမမာတဲ့ အခွံပြားလိပ်အုပ်စုကို Genus- Lissemys လို့ခေါ်ပြီး
Lissemysတွေက ရှေ့ခြေမှာ ဖွင့်နိုင်ပိတ်နိုင်တဲ့ ပတ္တာပါတယ်။ နောက်ခြေမှာတော့ ပတ္တာမပါတော့ပါဘူး။
Lissemys scutata မြန်မာစင်းရှောလိပ်တွေဟာ မြန်မာမျိုးရင်းလိပ်တွေဖြစ်ပြီး တခြားနိုင်ငံတွေမှာမတွေ့ရပါဘူးဗျ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ မြစ်ချောင်းအင်းအိုင်တွေမှာတွေ့ရပြီး အသားစားတဲ့ရေလိပ်ဖြစ်ပါတယ်။ ❌ဘုရားကန်တွေမှာလို ကန်စွန်းရွက်နဲ့ပေါက်ပေါက် ကျွေးလို့ မရပါဘူးနော်❌
Lissemys punctata လို့ခေါ်တဲ့ Indian Flapshell Turtle ကတော့ အိန္ဒိယနိုင်ငံမျိုးရင်းဖြစ်တာမို့ မြန်မာနဲ့ အိန္ဒိယနယ်စပ်/ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်ရှိ မြစ်ချောင်းများ/ ချင်းပြည်တစ်ဝိုက်ရှိ ကုန်းနိမ့်ချောင်းများမှာတွေ့ရမှာဖြစ်ပါတယ်။ အရမ်းအေးတဲ့ဒေသတွေမှာတော့ မနေနိုင်ပါဘူးခင်ဗျ။ ဥအုရာသီမှာ ကုန်းပေါ်တက်ကြပြီး အချိန်အများစုကို ရေထဲမှာပဲကုန်ဆုံးတတ်ကြပါတယ်။ တောရွာဒေသတွေမှာ အစားအစာအဖြစ် စားသောက်နေမှုကြောင့် မကြာမီ ရှားပါးလာနိုင်တာမို့ ထိန်းသိမ်းပေးသင့်ပါတယ်ခင်ဗျ။
သူတို့ဟာ ကျူးကျော်မျိုးစိတ်တွေမဟုတ်ဘဲ မျိုးရင်းရေလိပ်လေးတွေဖြစ်တာမို့ ဘုရားကန်၊ ဘုန်းကြီးကျောင်းကန်တွေမှာ မလွှတ်သင့်ဘဲ လူသူဝေးတဲ့ ချောင်းစပ် ၊ မြစ်စပ်တွေမှာပဲ လွှတ်ပေးပါဗျ။

image