မြို့နယ် (၆)မြို့နယ် ၌ ကြိုးကြာခေါင်းနီဌက်သိုက်(၆၀)ကျော်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်ခု၌ ကြိုးကြားခေါင်းနီ ဌက်သားပေါက်ရာသီဖြစ်သည့် ယခုနှစ် ဇူလိုင်အတွင်းကနေ လက်ရှိ အောက်တိုဘာလဆန်း(လေးလအတွင်း)ကြိုးကြာခေါင်းနီဌက်သိုက် (၆၀)ကျော်ကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ စတင်၍ ကြိုးကြာခေါင်းနီဌက်များ၏ကောင်ရေ သားပေါက်မှုအခြေအနေ နေထိုင်ကျက်စားရာနေရာများကို ဒေသခံပြည်သူလူထုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကွင်းဆင်လေ့လာရေးလုပ်ငန်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို နှစ်ဆောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မအူပင်၊ ပန်းတ‌နော်၊ အိမ်မဲ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းနှင့် ဝါးခယ်မမြို့နယ်တို့ ၌ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကြိုးကြာခေါင်းနီဌက်များသည် ဌာနေဌက်မျိုးစိတ်ဖြစ်ပြီး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင်တွေ့ရှိရပြီး အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဘာဝရေဝပ်ဧရိယာများနှင့် ရေနက်ကွင်းစပါးစိုက်ခင်းများတွင် အများဆုံးတွေ့ရှိရကြောင်း သိရသည်။

သားပေါက်ရာသီမကျရောက်ခင် ဒီဇင်ဘာလကနေ ဇွန်လထိ အုပ်စုဖွဲ့နေထိုင်ကြပြီးနောက် ဇူလိုင်လမှစ၍ ဥဥ သားပေါက်ရန်အတွက် အုပ်စုတွင်းမှ ကြိုးကြာစုံတွဲမှာခွဲထွက်ပြီး အသိုက်ဆောက်လုပ်ခြင်းလည်း ဖြစ်သည်။

ကြိုးကြားခေါင်းနီဌက်သည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏ Red List အရ မျိုးသုဉ်းရန် အန္တာရာယ်ကျရောက်နိုင်သည့် မျိုးစိတ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ကောင်ရေ(၄၀၀)ကျော်တွေ့ရှိသည်ဟု ခန့်မှန်းထားသည်။

imageimage