ပွဲမစတင်မီမှာပင် ပရိသတ်များ ဆူပူသောင်းကျန်းမှုကြောင့် ပွဲဖျက်လိုက်ရတဲ့ အစ္စရေးဒါဘီ
===================
မက္ကဘီတဲလ်အဗစ်နှင့် ဟာပိုးလ်တဲလ်အဗစ်တို့ရဲ့ တနင်္ဂနွေနေ့ အစ္စရေးပရီးမီးယားလိဂ်ဒါဘီပွဲစဉ်မှာ ပွဲမစတင်မီမှာပင် ပရိသတ်များ ဆူပူသောင်းကျန်းမှုများကြောင့် ပွဲဖျက်လိုက်ရပါတယ်။
အစ္စရေးရဲတပ်ဖွဲ့က ပရိသတ်များဟာ မီးခိုးဗုံးများ ဒါဇင်ပေါင်းများစွာ ပေါက်ခွဲခဲ့တဲ့ အပြင် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြမှုနှင့်အတူ အန္တရာယ်ရှိတဲ့အနေအထားကြောင့် ပွဲကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။ ဒါ့အပြင် ပရိသတ်များဟာ ကျောက်ခဲများဖြင့်ပါ ပစ်ပေါက်ခဲ့ကြပါတယ်၊
အစ္စရေးပရီးမီးယားလိဂ်ဒါဘီပွဲစဉ်မှ ပရိသတ်များ ဆူပူသောင်းကျန်းမှုကြောင့် ပရိသတ် ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကာ လူ ၉ ဦးကို ဖမ်းဆီးထားပြီး လူ ၁၆ ဦးကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့က မက္ကဘီတဲလ်အဗစ်ပရိသတ်များအား ဗီလာနှင့် ယူရိုပါလိဂ်ပွဲစဉ်ကို လာရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက်ပြီးနောက် ရက်အနည်းငယ်အကြာမှာဘဲ အထက်ပါ အဖြစ်အပျက် ဖြစ်ပျက်လာတာပါ။
ဟာပိုးလ်တဲလ်အဗစ်က အစ္စရေးပရီးမီးယားလိဂ်ဒါဘီပွဲ ဖျက်သိမ်းလိုက်ရမှုအတွက် ရဲတပ်ဖွဲ့ရဲ့ အလွန်အမင်း ထိန်းချုပ်လွန်းမှုအပေါ် အပြစ်တင်ဝေဖန်သွားပါတယ်။
မက္ကဘီတဲလ်အဗစ်ကတော့ တစုံတရာ မှတ်ချက်ပြုခြင်း မရှိပါဘူး။