မန္တ​လေး-လားရှိုးပြည်​ထောင်စုလမ်းမကြီး​ ကုန်တင်ယာဉ်များပါ ဖြတ်သန်းခွင့်ပြုပြီဖြစ်

မန္တ​လေး-လားရှိုးပြည်​ထောင်စုလမ်းမကြီး​မှ ကုန်တင်ယာဉ်များကို ယမန်နေ့ အောက်တိုဘာ (၁၉)ရက်က စတင်၍
ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ယခင်ရက် အောက်တိုဘာ(၁၈)ရက်၌ ယာဉ်ငယ်များကိုသာ စတင်ဖြတ်သန်းသွားလာခွင့်ပြုရာမှအောက်တိုဘာ (၁၉) ရက်တွင် ကုန်တင်ယာဉ်ကြီးများဖြစ်သည့် ပြောင်းတင်ယာဥ်နှင့် ကျောက်မီးသွေးတင် စသည့်ယာဥ်ကြီးများကိုလည်း ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

"အတက်ကုန်တင် ကန်ဒါကားအချို့ ခါလီ ၁၂ ဘီးတွဲကားတွေ အဆင်း​မှာပြောင်းတင်​ကျောက်မီး​သွေးတင်ကားကြီးတွေ ဖြတ်သန်းသွားလာ​နေကြတာ​တွေ့ရပါတယ်"ဟု ဒေသတွင်းယာဉ်မောင်းတစ်ဦးက ပြောသည်။

ယခင်က ပြည်ထောင်စုလမ်းမကြီးအတိုင်း မန္တလေးမှ နောင်ချိုအထိသာသွားလာနေရာမှ ယခုရက်ပိုင်းအတွင်း မန္တ​လေး-လားရှိုးပြည်​ထောင်စုလမ်းကြီး ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

တပ်မတော်က ကျောက်မဲမြို့ကို အောက်တိုဘာ(၁) ရက်နေ့တွင်အပြည့်အဝထိန်းချုပ်ပြီးနောက် သီပေါမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် (၁၆) ရက်အကြာ တို-က်ခို-က်ပြီးနောက် အောက်တိုဘာ (၁၇) ရက်နေ့၌ သီပေါမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မန္တ​လေး-လားရှိုးပြည်​ထောင်စုလမ်းမကြီး​အား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

image
image
image