ဟောင်ကောင်လေဆိပ်မှာ ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီးပင်လယ်ထဲကျလို့ နှစ်ယောက်သေ
အောက်တိုဘာ ၂၀
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှည ကုန်တင်လေယာဉ်တစင်း ပြေးလမ်းမှချော်ပြီးနောက် ပင်လယ်ထဲ ကျရောက်ခဲ့တယ်လို့ လူနှစ်ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Boeing 747-481 သည် မြောက်ဘက်ပြေးလမ်းပေါ်ရှိ ယာဉ်တစီးကို တိုက်မိပြီး လမ်းချော်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ နှစ်ယောက်ဟာ အသက် ၃၀နဲ့ ၄၀ အရွယ်ရှိ အတွေ့အကြုံရှိ မြေပြင်ဝန်ထမ်းတွေ ဖြစ်ကြောင်း လေဆိပ်ရေးညွှန်ကြားရေးမှူးက ပြောပါတယ်။
လေယာဉ်ပေါ်က လေယာဉ်အမှုထမ်း လေးယောက်ကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။သူတို့တွေဟာ လေယောဉ်တံခါးကို ချိုးဖက်ပြီး လွတ်မြောက်ခဲ့တာပါ။ လေယာဉ်ဟာ အခင်းဖြစ်ချိန်မှာ အရေးပေါ် အချက်ပြမှု တစုံတရာ ထုတ်ပြန်ခဲ့တာမရှိပါဘူး။
Emirates လေကြောင်းလိုင်း လေယာဉ်အမှတ် EK9788 ဟာ ဒူဘိုင်းကနေ ပျံသန်းလာတဲ့ လေယာဉ်ပါ။ လက်ရှိမှာတော့ မြောက်ဘက်ပြေးလမ်းကို ပိတ်ထားပေမယ့် လေဆိပ်ရဲ့ အခြားပြေးလမ်းနှစ်ခုကို လည်ပတ်နေပြီဖြစ်ပါတယ်။
ဒါဟာ ဟောင်ကောင်လေဆိပ်ကို ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် လူအသေအပျောက်များတဲ့ ဖြစ်ရပ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ လေယာဉ်ရဲ့ ဘလောက်ဘောက်စ်ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။