ကစားဖော်ဟောင်းအား ငှားရမ်းခဲ့စဉ် ခွင့်ပြုမရဘဲ နိုက်ကလပ်တည်ဆောက်ခဲ့တဲ့ နေအိမ်ကို အရောင်းစာရင်းတင်လာတဲ့ လီဗာပူးစတားဟောင်း
=================
လီဗာပူးတိုက်စစ်သမားဟောင်းရိုင်ယန်ဘာဘယ်ဟာ တချိန်တုန်းက ကစားဖော်ဟောင်းတစ်ဦးအား ငှားရမ်းခဲ့တဲ့ မာဆေးဆိုက်မှ နေအိမ်အား ရောင်းချရန် အရောင်းစာရင်းတင်လာပြီ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်ရှိ နယ်သာလန်စတားဟောင်းဟာ မတ်လတုန်းက အိမ်ခြံမြေပြဿနာကြောင့် မာဆေးဆိုက်ရှိ နေအိမ်အား ရောင်းချရဖို့ ရှိနေကြောင်း ဖွင့်ဟခဲ့ဖူးသူ ဖြစ်ပါတယ်။
ဘာဘယ်ဟာ ယင်းနေအိမ်ကို ပေါင် ၁.၂၅ သန်း ဝန်းကျင်ဖြင့် ဝယ်ယူခဲ့ပေမယ့်လည်း ပေါင် ၉၀၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းချလာမှာလည်း ဖြစ်ပါတယ်။
ဘာဘယ်ဟာ ယင်းနေအိမ်ကို ရီးရဲလ်မက်ဒရစ်နှင့် အဲဗာတန်တောင်ပံကစားသမားဟောင်းရွိုင်စတုန်းဒရမ်သီအား ငှားရမ်းခဲ့ဖူးပါတယ်။
ဒရမ်သီဟာ ဘာဘယ်ရဲ့ နေအိမ်ကို ငှားရမ်းနေထိုင်စဉ်အတွင်း အိမ်ရှင်ရဲ့ ခွင့်ပြုချက် မရဘဲ အိမ်အတွင်းတွင် နိုက်ကလပ်ပါ ဖွင့်လှစ်ခဲ့ဖူးပါတယ်။
မာဆေးဆိုက် ရိုက်မုတွင် ရှိတဲ့ နေအိမ်တွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၄ ခန့်အထိ ပါဝင်ပါတယ်။
ဒါ့အပြင် Dance Room ၊ ဘား၊ ရုပ်ရှင်ရုံ၊ အပူခံခန်း၊ ရေကူးကန်တို့လည်း ပါဝင်ပါတယ်။
ဘာဘယ်ဟာ လီဗာပူးတွင် ၂၀၀၇ ခုနှစ်သို့ ပြောင်းရွှေ့ကာ ၄ နှစ်ကြာ ကစားစဉ်အတွင်း ယင်းနေအိမ်ကို ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ လီဗာပူးအတွက် ၁၄၆ ပွဲကစားခဲ့ရာမှာ ၂၂ ဂိုးသွင်းပြီး ၁၈ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။
ဒရမ်သီဟာ ၂၀၁၁-၁၂ ရာသီတုန်းက အဲဗာတန်တွင် အငှားဖြင့် ကစားစဉ် ဘာဘယ်ရဲ့ နေအိမ်ကို ငှားရမ်းနေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။