3 ပတ် - ဘာသာပြန်ပါ။

ဂရိထိပ်သီးကလပ်အား ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်ဝင်ရောက်ရန် နီးစပ်နေတဲ့ ဘင်နီတက်ဇ်
=====================

ရာဖေးလ်ဘင်နီတက်ဇ်ဟာ ဂရိထိပ်သီး ပါနာသီနိုင်ကို့စ်အား ကိုင်တွယ်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် ၆၅ နှစ်ရှိ ဘင်နီတက်ဇ်ဟာ ၂၀၂၄ ခုနှစ်တွင် ဆဲလ်တာဗီဂိုမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာ ပါနာသီနိုင်ကို့စ်အား ကိုင်တွယ်လာမည်ဆိုပါက ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကြီးကြပ်ခွင့် ရရှိလာပါမယ်။
လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ အေသင်သို့ သွားရောက်ကာ ကလပ်ဥက္ကဌဂျီယန်နစ်အလာဖူဇို့စ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပေါင် ၁၁ သန်းတန်ကြေးရှိ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုရန် နီးစပ်နေကြောင်း သိရပါတယ်။

ပါနာသီနိုင်ကို့စ်ဟာ ၁၉၉၆ ခုနှစ်တွင် ချန်ပီယံလိဂ်ဆီမီးသို့လည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့လည်းကောင်း တက်ခဲ့ဖူးသလို ၁၉၇၁ ခုနှစ်တုန်းက ဥရောပဖလားဗိုလ်လုပွဲသို့ တက်ခဲ့ဖူးတဲ့အသင်း ဖြစ်ပါတယ်။

image