3 d - Translate

Art of the Devil (2004)

ဘွန်ဟာ သူဌေးကြီးတစ်ယောက်ရဲ့မယားငယ်လုပ်ရင်းကနေ ကိုယ်ဝန်ရသွားလို ဘတ်တစ်သန်းနဲ့ တာဝန်ယူပေးဖိုတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီဘတ်တစ်သန်းဟာ သူ့ဘဝရဲ့ကံဆိုးမှုအစဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလူက သူပေးထားတဲ့ဘတ်တစ်သန်းနဲ့တန်အောင်ဆိုပြီး လူတစ်စုကိုခေါ်ကာ သူ့ကိုအဓမ္မကျင့်ခိုင်းခဲ့တာပါ။ သူ့ဘဝပျက်စီးသွားပေမဲ့ အဲဒီလူကတော့ သူ့သားသမီးတွေနဲ့ပျော်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် စိတ်နာနာနဲ့ အောက်လမ်းဆရာဆီသွားပြီး အဲ့ဒီမိသားစုအပေါ် အောက်လမ်းနည်းသုံးဖို ဆုံးဖြတ်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ  စီဝါဟီရန်တစ်မိသားစုလုံးရဲ့ ပဟေဠိဆန်ဆန်သေဆုံးမှုဟာ သတင်းတွေထဲမှာ ဟိုးလေးတကျော်ကျော်ဖြစ်လာခဲ့ပါတယ်။ နာမည်ကြီး အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင်တို တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့အတွက် ကျန်နေခဲ့တဲ့ပိုင်ဆိုင်မှုတွေကို ဇနီးဟောင်းကိုပေးဖို တရားရုံးကနေ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲ့ဒါကြောင့် ဇနီးဟောင်းမိသားစုဟာ စီဝါဟီရန်စံအိမ်ကြီးမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

image