3 ပတ် - ဘာသာပြန်ပါ။

Product အသစ်တွေကတော့ iPad , MacBook Pro , Vision Pro တို့ပါပဲ
M5 Chipset
Product (3) ခုလုံး မဖြစ်မနေထုတ်တာက M5 Chipset ကြောင့်ပါပဲ M5 Series ရဲ့ Based Chipset သုံးထားတဲ့ ဒီ Product တွေက Design ပိုင်းအရ သိပ်တော့ ပြောင်းလဲမှုမရှိပါဘူး
M5 Chipset ရဲ့ အဓိက တိုးတက်မှုက GPU ပိုင်းလို့ဆိုပါတယ် 10 Core GPU Architecture ကိုသုံးထားပြီး Core တစ်ခုစီမှာ Neural Accelerator ပါဝင်ပါတယ် GPU Workload တွေကို M4 Chipset ထက် 4x ပိုလုပ်နိုင်ပါမယ် နောက်တစ်ခုကတော့ RAM ကို up to 32 GB အထိရလာပါမယ်
14-inch MacBook Pro
ဘာမှတော့သိပ်မပြောင်းပါဘူး OLED ဘာညာ သတင်းထွက်နေတဲ့ Model တွေက နောက်ပိုင်းမှ မိတ်ဆက်လာနိုင်ပါတယ်
ထူးခြားတဲ့ ပြောင်းလဲမှုက M5 Chipset ပါပဲ နောက်ထပ် Spec အရဆိုရင် SSD Performance က M4 ကထက် 2x Faster ပါ Memory Bandwidth လည်း ပိုမြန်လာပါတယ်
Vision Pro
သူလည်း Design မပြောင်းပါဘူး Spec အရတော့ တိုးတက်မှုတွေရှိပါတယ် M5 Chipset နဲ့ဖြစ်သွားမယါ
Micro-OLED Display က ပိုကောင်းလာမယ် ၊ 120Hz Refresh Rate ရသွားမယ် စတဲ့အချက်တွေရှိပါတယ်
ဘူးထဲမှာ Dual Knit Band ကိုတစ်ခါတည်းထည့်ပေးထားမယ်ဆိုပါတယ် အရင် Model ထက်လည်း Weight အနည်းငယ်ပိုလေးပါတယ် M2 ကနေ M5 Chipset ဖြစ်သွားတော့ Performance ပိုင်းကတော့ သိသာတဲ့ တိုးတက်မှု ရှိလာနိုင်ပါတယ်
iPad Pro
သူကလည်း Design ပိုင်းမှာဆိုရင် ကျောဘက်မှာ “iPad Pro” ဆိုတဲ့ စာသား မပါတော့တာကလွဲရင် ကျန်တာ ဘာမှ မပြောင်းပါဘူး
M5 Chipset နဲ့ဖြစ်သွားပြီး 256GB နဲ့ 512GB Model တွေမှာ Based RAM က ယခင်က 8GB ကနေ ယခု 12GB ဖြစ်သွားပါမယ် ဒါကသိသာတဲ့ တိုးတက်မှုပါ
Fast Charging ပိုင်းမှာလည်း 50% ကို 35 မိနစ်နဲ့ အပြည့်သွင်းနိုင်မယ့် စနစ်ပါဝင်လာပါတယ် iPhone 17 Series တွေလိုပါပဲ
Modem ပြောင်းလဲမှုရှိပါတယ် Apple ရဲ့ ကိုယ်ပိုင် C1x Modem သုံးပေးထားတယ် N1 Wireless Chip ဆိုတာပါလာပြီးတော့ သူက AirDrop နဲ့ Potable Hotspot ပိုင်းတွေမှာ ပိုကောင်းလာမှာပါ Wifi7 နဲ့ Bluetooh 6 လည်း ရလာမှာပါ
ကျန်ပါသေးတယ် External Display ကို 120Hz အထိ Support ပါပြီ iPad က စျေးလဲ မပြောင်းပဲ တိုးတက်မှု အရမ်းများပြီး အသုံးဝင်မှာတွေပဲဆိုတော့ အတန်ဆုံး Product တစ်ခုလို့ဆိုရပါမယ်

image