#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ပါကစ္စတန်နှင့် အာဖဂန်တို့ ၄၈ နာရီကြာ အပစ်ရပ်
ကဘူးလ်နှင့် ကန်ဒါဟာတို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေစဉ်တွင် ပါကစ္စတန်နှင့် အာဖဂန်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူလိုက် ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် အောက်တိုဘာ ၁၅ ရက်မွန်းလွဲ ၁ နာရီတွင် စတင်အသက် ဝင်မည်ဖြစ်ကြောင်း ပါကစ္စတန်ကပြောသည်။ပါကစ္စတန်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းတွင် ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်က အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ အာဖဂန်နယ်စပ်ရှိ စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း ပါကစ္စတန်ကထုတ်ဖော်ပြောဆိုထားသော်လည်း အာဖဂန်ကမူ စစ်သွေးကြွများမရှိဟုဆိုသည်။
ထို့နောက် ကဘူးလ်နှင့်ကန်ဒါဟာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက်တင်းမာမှုများ ပိုမိုမြင့်တက် ခဲ့သည်။ အပစ်ရပ်ကာလအတွင်း ရှုပ်ထွေးသည့်ပြဿနာကို အပြုသဘောဆောင်ဖြေရှင်းရန် စိတ်ရင်း မှန်ဖြင့် ကြိုးပမ်းသွားမည်ဟုပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အာဖဂန်တပ်ဖွဲ့များအနေဖြင့် ပြည်ပကျူးကျော်တိုက်ခိုက်မှု တစ်စုံတစ်ရာမရှိမချင်း အပစ်အခတ်ရပ်စဲ ရေးကို လေးစားလိုက်နာရန် ညွှန်ကြားထားကြောင်းတာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားထားသည်။
ကိုးကား-ဘီဘီစီ