၂၀၀၂ ခုနှစ်က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ဂရင်းနစ်ချ် မှာ ရှိန်းစနယ်လ်မန်း (Shane Snellman) ဟာ ဘရုစ်အင်ဒရူးရောဘတ်စ် (Bruce Andrew Roberts) ဆိုသူရဲ့ နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်စဉ် သေနတ်နဲ့ပစ်ခတ်ခံရပြီး ေxသဆုံးသွားရပါတယ် ကျည်ဆံဟာ စနယ်လ်မန်း ရဲ့ လည်ပင်း ဘယ်ဘက်ခြမ်းကို ထိမှန်ခဲ့ပြီး အဲ့နေရာမှာတင် ေxသဆုံးသွားပါတယ်
ဒါပေမဲ့ ပစ်ခတ်သူ ရောဘတ်စ် ကတော့ သူ့အိမ်ကို ကျူးကျော်ဝင်ရောက်သူကို ပစ်သxတ်ခဲ့ပြီးနောက် ရဲကိုအကြောင်းမကြားခဲ့ပါဘူး အဲ့ဒီအစားသူဟာ စနယ်လ်မန်း ရဲ့ အလောင်းကို ဝှက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ် ရောဘတ်စ် ဟာပစ္စည်တွေစုဆောင်းတတ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ နေအိမ်ဟာ အမှိုက်သရိုက်ပစ္စည်းပစ္စယတွေနဲ့ ကြမ်းပြင်မှ မျက်နှာကျက်အထိ ပြည့်နေခဲ့ပါတယ်
ရောဘတ်စ် ဟာ စနယ်လ်မန်းရဲ့ အလောင်းကို အမှိုက်ပုံအောက် အခြား အခန်းတစ်ခန်းမှာ ဖုံးကွယ်ထားခဲ့ပြီး အဲ့ဒီအလောင်းဟာ လုံးဝ မံမီ (mummified) အခြေအနေသို့ ရောက်ရှိသွားခဲ့ပါတယ် ရောဘတ်စ်ဟာ အလောင်းပတ်ဝန်းကျင်မှာ အနံ့ပျောက်ဆေး (air fresheners) ဒါဇင်နဲ့ချီအသုံးပြုခဲ့ပြီး ပုပ်ပွတဲ့အနံ့ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်
၂၀၁၇ ခုနှစ် ဇူလိုင်လမှာတော့ အသက် ၆၀ အရွယ်ရှိ ရောဘတ်စ်ဟာ သူ့ရဲ့နေအိမ်အတွင်းမှာဘဲ သေဆုံးတဲ့ အချိန်မှ သူဝှက်ထားတဲ့ အလောင်းကို အခန်းထောင့်တစ်ခုမှာ ရဲတွေက တွေ့ရှိခဲ့ပါတယ် ရဲတွေဟာ အဲ့ဒီအိမ်အတွင်းမှ သေနတ် ၁၃ လက် နဲ့ ခဲယမ်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါကြောင့် ရောဘတ်စ်ဟာ စနယ်လ်မန်း ေxသဆုံးပြီးနောက် ၁၅ နှစ်နီးပါးကြာအောင် အလောင်းနဲ့အတူ နေထိုင်ခဲ့တာကြောင့် အားလုံးတုန်လှုပ်သွားခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts
