သန်လျင်ရှိ မြဟန်သာ ရုပ်ရှင်ရုံမီးလောင်မှု နံရံကပ်ပန်ကာ အပူလွန်ကဲရာမှ စတင်ဖြစ်ပွားဟု စစ်ဆေးတွေ့ရှိ
၁၆.၁၀.၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့သစ်အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းရှိ မြို့မစျေးအနီး မြဟံသာရုပ်ရုင်ရုံတွင် အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သောမီးလောင်မှုမှာ နံရံကပ်ပန်ကာ အပူလွန်ကဲရာမှ မီးညွန့်ထွက်ကာ နံရံကပ် အသံလုံဖော့ပြားများသို့ မီးကူးစက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
အဆိုပါမီးလောင်မှုကြောင့် အလျား ပေ ၁၅၀၊ အနံ ပေ ၆၀ ရှိ Steel Structure ၁ ထပ်၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ရုံအမှတ်(၂)၊ ရုပ်ရှင်ရုံတစ်ခန်းနှင့် အတွင်းပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်အပေါ် မီးငြိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၄ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၃ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ရုပ်ရှင်ရုံမီးလောင်မှုကြောင့် အသက် ၆၂ နှစ်အရွယ် မန်နေဂျာ ဦးမြင့်စိုးကို သန်လျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
