2 d - Translate

ဘရာဇီးလ်နိုင်ငံက ရိုဒရီဂိုရိုဒရီဂက်စ်ဒါ ဆေးလ်ဗား (Rodrigo Rodrigues da Silva) ဆိုသူဟာ နာမည်ကျော် ဇာတ်ကောင် Batman ရဲ့ ပုံစံတူ ဝတ်စုံကို ဝတ်ဆင်ပြီး ဒေသခံ ရာဇဝတ်သားတွေ နဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေရဲ့ နေအိမ်တွေထဲကို ဖောက်ထွင်းဝင်ရောက်ပြီး သူတို့ကိုရိုက်နှက် နှိပ်စက်လေ့ရှိပါတယ်
အဲ့လိုနဲ့ ရိုဒရီဂိုဟာ အိမ်တစ်အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး တိုက်ခိုက်ဖို့ ကြိုးစားနေစဉ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ် သူအဖမ်းခံရချိန်မှာ ကိုယ်ပေါ်မှာ တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေက တကယ့် Batman ဇာတ်ကောင်ကို ဘယ်လောက်အတိုင်းအတာအထိ စွဲလမ်းနေလဲဆိုတာ ဖော်ပြနေပါတယ်
သူဟာ တကယ့်ဇာတ်ဝင်ခန်းထဲက အတိုင်းပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပြီး အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီဖြစ်ရပ်ဟာ ရုပ်ရှင်ထဲကအတိုင်း စိတ်ကူးယဉ်ဆန်ပေမဲ့လည်း တကယ့်အဖြစ်အပျက်မှာတော့ အိမ်ဖောက်ထွင်းမှု၊ တိုက်ခိုက်မှုနဲ့ လက်နက်ကိုင်ဆောင်မှုစတဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ အရေးယူခံခဲ့ရပါတယ်
ရိုဒရီဂိုရဲ့ လုပ်ရပ်ဟာ ပြည်သူကို ရာဇဝတ်မှုကနေ ကာကွယ်ပေးတဲ့ သူရဲကောင်း မဟုတ်ဘဲ ကိုယ့်လက်နက်နဲ့ ကိုယ် ပြစ်မှုကျူးလွန်သူသာဖြစ်ခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image