နိုင်ငံတကာဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးကစားသမားဖြစ်လာတဲ့ လီယွန်နယ်မက်ဆီ
အောက်တိုဘာ ၁၅
အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ ပူတာရီကိုအား အာဂျင်တီးနားတို့ ၆-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ၂ ကြိမ် ဖန်တီးမှု ပြုလုပ်ပြီးနောက် နိုင်ငံတကာဘောလုံးသမိုင်းတွင် ဖန်တီးမှု အများဆုံးကစားသမားအဖြစ် ဖန်တီးမှု အကြိမ် ၆၀ ဖြင့် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
လီယွန်နယ်မက်ဆီဟာ အစောပိုင်းတုန်းက ၅၈ ကြိမ်ဖြင့် နိုင်ငံတကာဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးအဖြစ် နေမာ၊ လန်ဒန်ဒိုနိုဗန်တို့နှင့်အတူ ပူးတွဲရပ်တည်နေခဲ့တာပါ။
ဒါပေမယ့် အင်တာမိုင်ယာမီစူပါစတားဟာ ပူတာရီကိုအား အနိုင်ရတဲ့ပွဲမှာ ၂ ကြိမ် ဖန်တီးနိုင်ပြီးနောက် အကြိမ် ၆၀ ဖြင့် ဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဖန်တီးမှု အကြိမ် ၄၀၀ ပြည့်ဖို့ ၂ ကြိမ်တည်းသာ လိုပါတော့တယ်။၏
Chase Stadium မှာ ကစားတဲ့ပွဲစဉ်မှာ လီယွန်နယ်မက်ဆီဟာ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း အလက်ဆစ်မက်အယ်လစ်စတာနှင့် လူသာရိုမာတီနက်ဇ်တို့ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားနှင့်အတူ ကစားပြီးနောက် လာမယ့် စနေနေ့တွင် အင်တာမိုင်ယာမီနှင့်အတူ နက်စ်ဗီလီအက်စ်စီနှင့် မေဂျာလိဂ်ပွဲအတွက် အာရုံစိုက်နေပြီလည်း ဖြစ်ပါတယ်။
Credigt - Playmaker Journal
#ဘောလုံးသတင်းစုံ
