ဒီလိုသံပုရာသီးခွံလေးတွေကို မလွှင့်ပစ်ကြပါနဲ့နော်!!
ကျမရဲ့ ချစ်မိတ်ဆွေတို့ရေ၊ ကျမအိမ်မှာ သံပုရာခြံလေးရှိတော့ သံပုရာသီးတွေ အများကြီးထွက်ပါတယ်။ ဒီတော့ ဘယ်လိုမှ မပစ်ဘဲ အကုန်အသုံးဝင်အောင် လုပ်တဲ့ ကျမရဲ့ အလေ့အကျင့်လေးကို မျှဝေပေးချင်ပါတယ်။
အရင်ဆုံး သံပုရာရည်ကို သေချာညှစ်ပြီး အဖတ်တွေမပါအောင် စစ်ထုတ်လိုက်ပါတယ်။ ပြီးရင် ဖန်ပုလင်းထဲထည့်ပြီး နေပူထဲ လေးငါးရက်လောက် လှန်းလိုက်တာနဲ့ အရည်က ရေလို ကြည်လင်သွားပါလိမ့်မယ်။ ဒီ သံပုရာရည်စစ်စစ်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး ရေရှည် သုံးလို့ရပါတယ်။
သံပုရာရည်ညှစ်ပြီးလို့ ထွက်လာတဲ့ အခွံအစိုတွေကိုလည်း လုံးဝမပစ်ဘဲ သံပုရာခြောက်ပေါင်းလေး လုပ်လိုက်ပါတယ်။ ဒီသံပုရာခြောက်ပေါင်းလေးက စားလို့ အရမ်းကောင်းတဲ့အတွက် အော်ဒါလေးတွေတောင် လက်ခံရောင်းချနေရပါတယ်ရှင်။
✅သံပုရာရည် စစ်စစ်နဲ့ အခွံခြောက်ပေါင်း ပြုလုပ်နည်း
အရင်ဆုံး သံပုရာရည်ကို ညှစ်ယူပါတယ်။ အဖတ်တွေမပါအောင် သေချာစစ်ထုတ်ပြီး ဖန်ပုလင်းထဲ ထည့်ကာ နေပူလှန်းပါတယ်။ လေးငါးရက်လောက်နေရင် အရည်က ရေလို ကြည်လင်သွားပါလိမ့်မယ်။ အဲဒီ သံပုရာရည်စစ်စစ်ကို ရေခဲသေတ္တာထဲထည့်ပြီး ရေရှည် သုံးစွဲနိုင်ပါတယ်။
✅သံပုရာအခွံခြောက်ပေါင်း လုပ်နည်း
သံပုရာရည်ညှစ်ပြီးလို့ ရလာတဲ့ အခွံအစိုတွေကို မပစ်ဘဲ သံပုရာခြောက်ပေါင်း လုပ်လို့ရပါတယ်။ ကျမဆို ရောင်းတောင်ရောင်းရပြီး အော်ဒါတွေတောင် လက်ခံရပါတယ်။
ပြုလုပ်ပုံလေးကတော့:
ရှိသလောက် သံပုရာအခွံအစိုတွေကို ပါဝါသကြားမှုန့် (မှတ်ချက်- ပါဝါသကြားဆိုတာ ဆေးသကြားပါ) နဲ့ ဆား နည်းနည်းတို့ ရောစပ်ပြီး သေချာနယ်ပေးပါ။ ပြီးရင်တော့ နေပူလှန်းလိုက်ပါ။ ခြောက်ပြီး မာသွားပြီဆိုရင် ဘူးလေးထဲ ထည့်ပြီး သိမ်းထားလို့ရပါပြီ။
ဒီသံပုရာခြောက်ပေါင်းလေးက ၃ နှစ် ၃ မိုး အထားခံပြီး၊ ပျင်းလို့စားမလား၊ ကားစီးလို့ မူးတတ်သူများ စားမလား၊ အချိန်တိုင်း အသုံးဝင်နေတာပါ။ လုပ်စားကြည့်ကြပါနော်။
✅သံပုရာ အစိုပေါင်း (အမူးအမောပြေဆေး) ပြုလုပ်နည်း
နောက်ထပ် ကျမအိမ်မှာ လုပ်စားနေကျ နည်းလမ်းလေးတစ်ခုကို ဆက်ပြောပြပါမယ်။ ဒါကတော့ ချောင်းဆိုးတာမျိုးလည်း မရှိဘဲ ရှယ်ကောင်းတဲ့ သံပုရာအစိုပေါင်းပါ။
ပြုလုပ်ပုံလေးကတော့:
၁။ သံပုရာသီးတစ်လုံးကို ၄ စိတ် စိတ်ပါ။ ဒါပေမဲ့ လုံးဝ မပြတ်ဘဲ ကွဲမသွားအောင် အရာလေးတွေပဲ ပေးထားရပါမယ်။
၂။ ဆား၊ ပါဝါသကြား၊ နဲ့ စနွင်းစစ်စစ် တို့ကို ရောစပ်ပါ။
၃။ အဲဒီရောစပ်ထားတဲ့ အရာတွေကို အရာပေးထားတဲ့ သံပုရာသီးထဲကို သိပ်ထည့်ပေးပါ။
၄။ အားလုံးပြီးသွားရင်တော့ ဖန်ဘူးကြီးထဲမှာ အလုံပိတ်ပြီး သိမ်းထားပေးပါ။
သံပုရာသီးက အချိန်ကြာလာတာနဲ့အမျှ အရောင်ပြောင်းပြီး နူးအိသွားပါလိမ့်မယ်။ အဲဒီအခါကျရင် ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားလို့ရပါပြီ။ ဒီ သံပုရာအစိုပေါင်းလေးကို သွားလေရာ သယ်သွားပြီး အပျင်းပြေ စားလို့ရပါတယ်။
ဒီသံပုရာအစိုပေါင်းလေးက ရင်လည်း ချောင်စေပြီး အမူးအမောလည်း ပြေစေပါတယ်။ အချဉ်ဓာတ်ကြောင့် ခါးမှာ ပူရမယ့်ကိစ္စလည်း လုံးဝ No ပါနော်။
လုပ်စားကြည့်ကြပါလို့ ဖတ်ရှုသူတို့ရေ။ သံပုရာအစိုနဲ့ အခြောက်ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေကြပါစေရှင်။
#alinthitmedia
#hilightseveryonefollowers2025 #လေးစားစွာဖြင့်မူရင်ရေးသားသူအား #crd_to_owner_with_respect #highlightseveryonefollowers2025 #ဗဟုသုတ

image