2 w - Translate

ဖုန်းတွေမှာ Lens တပ်နိုင်တာက အဆန်းတော့မဟုတ်ပါဘူး
Galaxy S4 Zoom တုန်းက ကျောဘက်မှာ ကင်မရာ တစ်လုံးလုံးကောက်ထည့်ပေးခဲ့တာပါ 2014 ဝန်းကျင်ပဲရှိဦးမယ် သူ့ကိုတော့ ဖုန်းဆိုတာထက် ၊ ကင်မရာမှာ ဖုန်းထည့်ထားတယ်ပြောရမယ် ဖုန်းနဲ့ Camera စပြီးပေါင်းစပ်တဲ့ Concept ကို ဒီမှာစမြင်ခဲ့ကြရတယ်ထင်ပါတယ်
နောက်ထပ် သဘောကျတဲ့ Concept က Motorola နဲ့ Sony တို့စီကပါ
2016 မှာ Motorola ကတော့ Motorola Moto Z နဲ့ Module တွေကို သံလိုက်နဲ့ကပ်ပြီးချိတ်သုံးနိုင်တဲ့ စနစ်ကို ချပြခဲ့တာပါ Moto Mod လို့ခေါ်တယ်
Moto Mod ထဲမှာပါလာတာက Camera System တစ်ခုပဲ Hasselblad နဲ့ပူးပေါင်းထုတ်ထားတာပါ Concept အရတော့ မိုက်ပါတယ် သုံးချင်ရင် ဖုန်းရဲ့ကျောဘက်ကို Moto Mod ကပ်လိုက်ရုံပဲ မသုံးချင်ရင်လည်း ဖြုတ်ထားလို့ရတယ်
နောက်တစ်ခုက Sony ပါပဲ သူကလည်း Motorola လိုပဲ ဖုန်းတွေရဲ့ကျောဘက်မှာ တပ်သုံးနိုင်တဲ့ Camera System တစ်ခုကိုထုတ်ထားသေးတယ် Motorola နဲ့မတူတဲ့အချက်က တခြားဖုန်းတွေနဲ့ပါ ချိတ်ဆက်သုံးနိုင်တဲ့အားသာချက်ပါ
အခုနောက်ပိုင်းခေတ်စားလာတဲ့ Lens တပ်သုံးနိုင်တဲ့ Concept တွေ Motorola နဲ့ Sony တို့ရဲ့ Concept တွေနဲ့ သိပ်မကွာဘူးလို့ပဲ ပြောရမှာပါ
သိုပေမယ့် မတူညီပဲကွဲပြားတယ်လို့ဆိုရမယ့် အဓိက အချက်က အရင်ခေတ်တုန်းက ဖုန်းမှာပါတဲ့ Camera က Sensor Size ကလည်း သေး ၊ သိပ်လဲ အသုံးမဝင်တော့ ကင်မရာ System တစ်ခုလုံးကို ဖုန်းရဲ့ကျောဘက်မှာ ထပ်တပ်ကြတာပါ
အခုခေတ်ကတော့ ဖုန်းတွေမှာထည့်တဲ့ Sensor တွေကလည်း ကောင်းလာပြီဆိုတော့ ဖုန်းရဲ့ Built-In Camera Sensor အတွက် ထပ်ပြီး ချိတ်ဆက်နိုင်တဲ့ စနစ်တွေကိုချပြလာကြတာပါပဲ ဒီအချက်က လုံးဝသိသာပါတယ်
လက်ရှိ Consumer စျေးကွက်ထဲကိုရောက်နှင့်နေပြီးသား Lens တပ်သုံးနိုင်တာက OPPO နဲ့ Vivo တို့ရဲ့ဖုန်းတွေရှိမယ် သူတို့နှစ်ခုတူတာက Teleconverter Lens ကိုတပ်နိုင်ကြတာပါ
နောက်ထပ် realme နဲ့ Xiaomi ကလည်း Camera Sensor တစ်ခုကိုဖုန်းရဲ့ကျောဘက်မှာ ထည့်ပေးထားပြီးတော့ တကယ့် Camera တလုံးလို Lens တပ်သုံးမှ သုံးလို့ရမယ့် Concept မျိုးထုတ်ပြထားကြပါသေးတယ်

image