တရုတ်ပြည် နင်းပိုမြို့ (Ningbo) ကမ်းစပ်မှာ မယုံနိုင်စရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်
မီတာ ၂၀ (ပေ ၆၅) ခန့်ရှည်လျားပြီး တန် ၇၀ နီးပါး လေးတဲ့ ဧရာမ သုတ်ဝေလငါးကြီးတစ်ကောင်ဟာ ဒီရေကျချိန်မှာ သဲသောင်ပြင်ပေါ် လုံးဝကပ်ညှိပြီး ပိတ်မိနေခဲ့တဲ့အတွက် သူ့ရဲ့ အသက်ရှင်သန်နိုင်ရေးဟာ စိုးရိမ်စရာ အခြေအနေဖြစ်ခဲ့ပါတယ်
ဝေလငါးတွေဟာ လေရှူရှိုက်ပေမယ့် သူတို့ရဲ့ ကြီးမားလှတဲ့ ကိုယ်ခန္ဓာကြီး အပူလွန်ကဲတာနဲ့ ကိုယ်အလေးချိန်ကြောင့် ကိုယ်တွင်းအင်္ဂါတွေ ပိမိပျက်စီးမယ့် အန္တ၊ရာယ်ကို ကာကွယ်ဖို့ ရေအေးအေး လိုအပ်ပါတယ်
ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းဟာ အချိန်နဲ့ တပြေးညီဒေသခံ မီးသတ်သမားများ၊ ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် စေတနာ့ဝန်ထမ်း ၂၀၀ ကျော် တို့က ဦးဆောင်ခဲ့ကြပါတယ်
ပူပြင်းလာမယ့် နေရောင်အောက်မှာ မပျက်စီးအောင်
ကာကွယ်ဖို့အတွက် သူတို့ဟာ
* ရေပိုက်ကြီးတွေနဲ့ ဝေလငါးကြီးရဲ့ ကိုယ်ခန္ဓာတစ်လျှောက်လုံးကို ဆက်တိုက် ရေဖြန်း ပြီး စိုစွတ်အေးမြအောင် ပြုလုပ်ပေးခဲ့ကြပါတယ်
* ရေငန်မြောင်းငယ်လေးကို မြေကြီးထဲ တူးဖော်ဖန်တီး ပြီး သူ့ကို အနည်းငယ် ရေဝန်းရံနေစေဖို့ ကြိုးပမ်းခဲ့ကြပါတယ်
* အသားအရေ ပွန်းပဲ့ဒ၊ဏ်ရာတွေကို သန့်ရှင်းပေးပြီး ဆေးကုသမှုတွေလည်း ပြုလုပ်ပေးခဲ့ကြပါတယ်
ညနေပိုင်းမှာ ဒီရေ တဖြည်းဖြည်း မြင့်တက်လာတဲ့အခါမှာတော့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ကို ရောက်ရှိလာပါတယ်
အဖွဲ့ဟာ ဝေလငါးရဲ့ ကိုယ်ထည်မှာ ခိုင်ခံ့တဲ့ ကြိုးတွေ ချည်နှောင်ပြီး ရေနက်ပိုင်းဆီကို ဖြည်းဖြည်းချင်း ဆွဲယူ ဖို့ ကြိုးပမ်းခဲ့ပါတယ်
နာရီပေါင်း ၂၀ ကျော်ကြာပြီးနောက် မမောမပန်း ကြိုးပမ်းအားထုတ်မှုအပြီး နောက်တစ်နေ့ မနက်ခင်း အရုဏ်တက်ချိန်လေးမှာပဲ ဝေလငါးကြီးကို လုံခြုံတဲ့ ရေအနက် မီတာ ၅၀ ရှိတဲ့ ပင်လယ်ပြင်ဆီကို ပို့ဆောင်နိုင်ခဲ့ပါတယ်
ဆွဲကြိုးတွေကို ဖြတ်တောက်လိုက်တဲ့အခါ ဧရာမ ဝေလငါးကြီးဟာ လွတ်လပ်စွာ ကူးခတ် ထွက်ခွာသွားခဲ့ပါတယ်
ကယ်ဆယ်ရေးသမားတစ်ဦးရဲ့ ပြောစကားအတိုင်းဆိုရင်... လွှတ်ပေးလိုက်တဲ့အချိန်မှာ သူဟာ ရေမျက်နှာပြင်ပေါ်ကို ခဏခဏ ပြန်တက်လာပြီး ရေပန်းတွေ မှုတ်ထုတ်၊ အမြီးကို ဝှေ့ယမ်းပြ ခဲ့ပါသေးတယ်
ဒါဟာ သူ့ကို ကူညီကယ်ဆယ်ပေးခဲ့တဲ့ လူသားတွေကို ကျေးဇူးတင်စကား ပြောသွားသလိုပါပဲ
နောက်ဆုံးမှာတော့ အဖိုးတန်တဲ့ အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့တဲ့ လူသားချင်းစာနာမှုရဲ့ အောင်မြင်မှုကို ချန်ထားခဲ့ပြီး ဝေလငါးကြီးဟာ ကျယ်ပြန့်တဲ့ ပင်လယ်ပြာကြီးထဲကို ပျောက်ကွယ်သွားခဲ့ပါတော့တယ်