မြေမသုံးဘဲ နံနံပင်စိုက်ပျိုးနည်း။
ပြင်ဆင်ရန် လိုအပ်သော ပစ္စည်းများ:
၁။ နံနံစေ့
၂။ အုန်းဆံမှုန့်
၃။ ခြင်းတောင်း (ရေစစ်နိုင်သော အပေါက်စိတ်သော ခြင်းတောင်း)
၄။ ရေပုံး (သို့) ရေတိုင်ကီ
၅။ ပုစွန်ငါးပိ
၆။ ဒိန်ချဉ် (သက်တမ်းလွန် သို့မဟုတ် သက်တမ်းရှိ ဒိန်ချဉ်)
၇။ အားဖြည့်အချိုရည်
ပြုလုပ်နည်း:
၁။ ပထမအဆင့်အနေဖြင့် နံနံစေ့များကို နှစ်ခြမ်းကွဲအောင် လုပ်ပါ။ ထို့နောက် ရေထဲတွင် တစ်ညလုံး စိမ်ထားပါ။
၂။ ထို့နောက် မျက်နှာပြင်စိတ်သော ခြင်းတောင်းကို ပြင်ဆင်ပြီး အုန်းဆံမှုန့်ကို ခြင်းတောင်းထဲသို့ ညီညာစွာ ဖြန့်ထည့်ပါ။ ပြီးလျှင် ထိုခြင်းတောင်းကို ရေပုံးပေါ်တွင် တင်ပါ။ ရေမျက်နှာပြင်က ခြင်းတောင်းကို ထိနေစေရန် ရေဖြည့်ပါ။
၃။ ပြင်ဆင်ထားသော နံနံစေ့များကို ခြင်းတောင်းထဲတွင် တစ်ခုပေါ်တစ်ခု မထပ်စေဘဲ ညီညာစွာ ဖြန့်ထည့်ပါ။ ထို့နောက် ရေဖြင့် စိုစွတ်အောင် လောင်းပေးပါ။
၄။ စိုက်ပြီး ၁၀-၁၅ ရက် ကြာသောအခါ ပုစွန်ငါးပိ၊ ဒိန်ချဉ် (သက်တမ်းလွန်ကိုလည်း သုံးနိုင်သည်) နှင့် အားဖြည့်အချိုရည်တို့ကို တစ်မျိုးချင်းစီ စားပွဲတင်ဇွန်း ၁ ဇွန်း စီယူ၍ ရောမွှေပါ။ ပြီးနောက် နံနံပင်များ အညွန့်ထွက်၊ အရွက်သစ်များထွက်ပြီး မပုပ်မသိုးစေရန် ထိုအရောအနှောကို ရေပုံးထဲရှိ ရေနှင့် ရောစပ်ပြီး အာဟာရဖြည့်ပေးပါ။
၅။ ရက် ၂၀ ကြာသောအခါ အရွက်ဝါများနှင့် မပြည့်စုံသော အပင်များကို ဖယ်ရှားပါ။ ရေကိုလည်း အမြဲပြည့်နေအောင် ထပ်ဖြည့်ပေးပါ။
၆။ ရက် ၃၀ ကြာသောအခါ နံနံပင်များ ကြီးထွားလာပြီး စားသုံးရန် အသင့်ဖြစ်ပါပြီ။

image