ဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်း ချစ်သူ ရက်ပါမနှင့် အပျော်ခရီးထွက်နေတဲ့ လာမိန်းယာမဲလ်

အောက်တိုဘာ ၁၄

လာမိန်းယာမဲလ်ဟာ ဒဏ်ရာကြောင့် ကလပ်နှင့် နိုင်ငံတကာပွဲများ မကစားရစဉ်ကာလအတွင်း ချစ်သူနစ်ကီနီကိုလီနှင့် အပန်းဖြေခရီးထွက်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချနေပါတယ်။

ဘာစီလိုနာပါရမီရှင်ကစားသမားလေးဟာ ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရပြီး စပိန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်ထားပါတယ်။

သူဟာ ဒဏ်ရာကြောင့် အနားရနေစဉ်အတွင်း ချစ်သူ အာဂျင်တီးနားရက်ပါနီကိုလီနှင့်အတူ အပန်းဖြေခရီးထွက်နေပါတယ်။

၎င်းတို့ဟာ အနမ်းပေး၊ ဖက်နေပုံတွေ၊ စင်းလုံးငှားဟယ်လီကော်ပတာစီးနေပုံတွေကို ပရိသတ်များ သိအောင် ဝေမျှထားပါတယ်။

ယာမဲလ်ဟာ စက်တင်ဘာလတုန်းက စပိန်အသင်းအတွက် ကစားစဉ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် နှစ်ပွဲတည်းသာ ကစားထားနိုင်ပါတယ်။

လာမိန်းဟာ ဒဏ်ရာကြောင့် အနားယူနေရမှု၊ Ballon d'Or ဆုတွင် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရမှုများကို ပစ်ချထားခဲ့ပြီးနောက် နီကိုလီနှင့်အတူ ခရိုအေးရှားကမ်းခြေသို့ သွားရောက် အပန်းဖြေနေတာလည်း ဖြစ်ပါတယ်။

လာမိန်းဟာ ဒဏ်ရာကြောင့် အနားယူနေရတယ်ဆိုပေမယ့်လည်း လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့ ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်နှင့်ကစားရမယ့် El Clasico ပွဲမှာတော့ ပါဝင်လာနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။

လက်ရှိ ချန်ပီယံ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ရီးရဲလ်မက်ဒရစ်နှင့် နှစ်မှတ်ကွာဟကာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

၎င်းတို့ဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကတ်တလန်ဒေသတွင်း ပြိုင်ဘက် ဂီရိုနာနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယင်းပွဲအပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှာ အိုလံပီယာကို့စ်နှင့် ချန်ပီယံလိဂ် ကစားရပါမယ်။ ယင်းပွဲအပြီးမှာတော့ ခါးသီးတဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image