#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အမေရိကန်တပ်ဖွဲ့ဝင်များ၏လစာကို သုတေသနရန်ပုံငွေမှပေးရန် ဒေါ်နယ်ထရန့်ညွှန်ကြား
ဖက်ဒရယ်အစိုးရ လုပ်ငန်းယန္တရား ရပ်ဆိုင်းထားစဉ်အတွင်းအမေရိကန်တပ်ဖွဲ့ဝင်များ၏ လစာကို သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထားရှိသည့် ရန်ပုံငွေမှထုတ်ပေးရန်သမ္မတ ဒေါ်နယ်ထရန့် ကကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း သိရသည်။
အမေရိကန် တပ်ဖွဲ့ဝင်များ၏လုပ်ခလစာကို သုတေသနနှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ထုတ်ပေးရန် အမေရိကန် လက်နက်ကိုင်တပ်များ၏ စစ်သေနာပတိချုပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနကို မိမိ ညွှန်ကြားထားကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာစာမျက်နှာပေါ်တွင် အောက်
တိုဘာ ၁၁ ရက်ကရေးသားထားသည်။
အမေရိကန်တပ်ဖွဲ့ဝင်များ၏လစာကို ထုတ်ပေးရေးအတွက် ငွေကြေးမည်မျှ သုံးစွဲမည်ကို သမ္မတဒေါ် နယ်ထရန့်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
သို့ရာတွင် အမေရိကန်ကာကွယ် ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ အဆိုအရ သုတေသနနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံခန့် အထိသတ်မှတ်ပေးထားကြောင်း သိရသည်။
သမ္မတဒေါ်နယ်ထရန့်၏ ညွှန်ကြားချက်အရ အကယ်၍ အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းအထိ ဖက်ဒရယ်အစိုးရလုပ်ငန်း ယန္တရားများဆက်လက်ရပ်ထားရပါက အမေရိကန်တပ်ဖွဲ့ဝင်များ၏ လစာကို အထက်ပါ ရန်ပုံငွေမှ ထုတ်ယူပေးချေမည်ဖြစ်သည်။
ကာလတို အစိုးရ အသုံးစရိတ်နှင့် ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ကိုရယူရန် ကွန်ဂရက် လွှတ်တော်၏ ကြိုးပမ်းမှုများ ပျက်ပြားခဲ့ရပြီးနောက် ဖက်ဒရယ်အစိုးရလုပ်ငန်းယန္တရားများ ရပ်ဆိုင်း ထားရသည်မှာအောက်တိုဘာ ၁၁ ရက်တွင် ၁၁ ရက်တိတိ ကြာခဲ့ပြီဖြစ်သည်။
ကိုးကား-ရိုက်တာ

image