ကမ္ဘာကျော်ရုပ်ရှင်စီးရီးတစ်ခုဖြစ်တဲ့ Breaking Bad ဇာတ်သိမ်းသွားပြီးနောက် ရုပ်ရှင်ထုတ်လုပ်သူတွေဟာ နောက်ထပ်အပိုင်းသုံးပိုင်းသာ ဆက်ရိုက်ကူပေးဖို့အတွက် ဒေါ်လာ ၇၅ သန်းနဲ့ကမ်းလှမ်းခဲ့ပါတယ်
Breaking Bad ဟာ ၄င်းရဲ့ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းပိုင်းကြောင့် နာမည်ကျော်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ် ဇာတ်လမ်းဖန်တီးသူ ဗင့်စ်ဂီလီဂန် (Vince Gilligan) ဟာ ဓာတုဗေဒဆရာမှ မူးယစ်ရာဇာအဖြစ်သို့ ပြောင်းလဲသွားတဲ့ ဝေါလ်တာဝှိုက် (Walter White) ရဲ့ ဇာတ်လမ်းကို ထိထိမိမိအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
၂၀၁၃ ခုနှစ် ဇာတ်လမ်းတွဲပြီးဆုံးသွားတဲ့အခါ ဇာတ်လမ်းရဲ့ ဆွဲဆောင်နိုင်မှုနဲ့ ဇာတ်ကောင်တွေအပေါ် စွဲလမ်းမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်တွေနဲ့ TV Networks များစွာက ဇာတ်လမ်းကိုဆက်ရိုက်ဖို့အတွက်ဖိအားပေးမှုများရှိခဲ့ပါတယ်
သတင်းတွေအရ ဇာတ်လမ်းတွဲကို တင်ဆက်ခဲ့တဲ့ AMC ရုပ်သံလိုင်း နဲ့ အခြား ငွေကြေးအင်အားတောင့်တင်းတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ဇာတ်လမ်းတွဲ ကို ဆက်ရိုက်ရန် ဇာတ်လမ်းဖန်တီးသူတွေနဲ့ သရုပ်ဆောင်တွေကို ကမ်းလှမ်းခဲ့ပါတယ်
ကမ်းလှမ်းခဲ့တဲ့ ငွေကြေးပမာဏဟာ ဒေါ်လာ ၇၅ သန်း ဖြစ်ပြီး နောက်ဆုံးဇာတ်သိမ်းပိုင်းရဲ့ နောက်ဆက်တွဲအဖြစ် နောက်ထပ် သုံးပိုင်း ဒါမှမဟုတ် ရုပ်ရှင်တို (Mini-series) ကို ရိုက်ကူးရန် ဖြစ်ပါတယ်
ဒါပေမဲ့လည်း ဇာတ်လမ်းဖန်တီးသူ ဗင့်စ် ဂီလီဂန် နဲ့ အဓိက သရုပ်ဆောင်တွေဟာ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြပါတယ် သူတို့ရဲ့ ဆုံးဖြတ်ချက်က "အနုပညာ ဟာ အမြတ်အစွန်းထက် ပို၍ အရေးကြီးတယ်" ဆိုတဲ့ မူဝါဒကို အခြေခံထားတဲ့အတွက်ဖြစ်ပါတယ်
ဂီလီဂန် နဲ့ အဖွဲ့သားတွေဟာ ဇာတ်သိမ်းပိုင်းဟာ ပြီးပြည့်စုံနေပြီ လို့ယုံကြည် ထားကြပါတယ် ဇာတ်ကောင်တွေရဲ့ အဆုံးသတ် အထူးသဖြင့် ဝေါလ်တာဝှိုက် ရဲ့ ခရီးစဉ်ဟာ သဘာဝကျကျ အဆုံးသတ်သွားပြီ ဖြစ်တဲ့အတွက် ငွေကြေးကြောင့် ဇာတ်လမ်းကိုအတင်းအဓမ္မ ဆွဲဆန့်ခြင်း ဟာ ဇာတ်လမ်းတွဲရဲ့ ဂုဏ်သိက္ခာ (Legacy) ကို ထိခိုက်စေပြီး အဖိုးတန်မှုကို လျော့ကျစေလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်
ရုပ်သံလောကမှာ ဒီလိုပမာဏကြီးမားတဲ့ ငွေပမာဏကို ငြင်းပယ်ခြင်းဟာ အလွန်ရှားပါးပြီး စွန့်စားရဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ် ဒါဟာ Breaking Bad ဖန်တီးသူတွေရဲ့ ဇာတ်လမ်း Quality ကိုသာ အဓိက ထားကြောင်းကို ပြသလိုက်ခြင်းဖြစ်ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts