10 w - Translate

အခုတလောပွဲဆူနေတာရှိတယ် Xiaomi 17 Pro Max က Battery 7500 mAh ပါပြီးတော့ iPhone 17 Pro Max ရဲ့ 5000 mAh မပြည့်တဲ့ Battery ထက် (5) မိနစ်ပဲပိုခံတယ် ဆိုတာပါ
ဒီသတင်းကို ကျနော်တို့ဖော်ပြခဲ့ပါတယ် Source က တစ်ခုတည်းဆိုတော့ စမ်းတဲ့ Xiaomi ဖုန်းကပဲ Defect ပါလို့လား ၊ တကယ်ပဲ Xiaomi က Optimization လိုနေတာလားဆိုတာကို ဒီရက်အထိ သတင်းထပ်ရှာနေရတုန်းပါ
OPPO ရဲ့ Flagship Find X9 Pro ကို ဒီရက်ပိုင်းမှာ ထုတ်ပြထားတယ် ၊ Xiaomi 17 Pro Max ကတော့ သတင်းတွေက မမြင်ချင်မှအဆုံးပေါ့
နောက်ထပ် Test တစ်ခုမှာတော့ Xiaomi 17 Pro Max က Weak နေတာကိုမြင်လိုက်ရပြန်ပါပြီ
Battery 7500 mAh ပါတဲ့ အသစ်စက်စက် OPPO Find X9 Pro က Battery Test မှာ 9:30 ဝန်းကျင်အားခံခဲ့ပါတယ် သူက အားအခံဆုံးပါ
ဒုတိယနေရာမှ Battery 8000 mAh ပါတဲ့ iQOO Z10 Turbo + က 9:17 အထိ အားခံခဲ့ပါတယ် ကွာခြားချိန် မိနစ်ပိုင်းပါပဲ
တတိယနေရာမှာတော့ Redmi K80 Edition က Battery 7410 mAh နဲ့ 8:50 အထိ အားခံခဲ့ပါတယ်
Redmi နဲ့ OPPO လိုပဲ Battery 7500 mAh ပါတဲ့ Xiaomi 17 Pro Max က 8:24 မိနစ်ပဲ အားခံပါတယ် ကွာခြားချိန်က 1 နာရီလောက်ရှိနေတော့ Xiaomi အတွက် Optimization လိုနေတာ တော့အမှန်ပါပဲ
Xiaomi က Snapdragon 8 Elite Gen 5 သုံးထားပြီး
OPPO က Dimensity 9500 ကိုသုံးထားတာပါ
အခု Test ကတော့ WHYLAB က စမ်းထားတာပါ
တစ်ခုရှိတာက Xiaomi 17 Pro Max ကလည်း Flagship ဖုန်းဆိုတော့ Update တွေရလာဦးမှာပါ ဒီအခါကျရင် Optimization တိုးတက်လာလို့ Battery ပိုခံလာမလားဆိုတာကို ကျနော်တို့စောင့်ကြည့်ရပါဦးမယ်
Battery Test တွေက တစ်ခုနဲ့တစ်ခု စမ်းတဲ့ Condition မတူတာမလို့ အားခံချိနိတွေက ကွာနေတာပါ ဒါပေမယ့် နောက်ဆုံး ကျန်တဲ့ Result တွေကတော့ ကွာလေ့ရှိတာ နည်းပါတယ်

image