ကြက်ဟင်းခါး မျိုးစေ့ 
မျိုးစေ့ပျိုးနည်း  
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ 
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ 
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ် 
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ  
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ  
6- ကျဲထားသော မျိုးစေ့ပေါ်သို့  ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ 
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင်  ရေဖွဖွ လေးလောင်းပေးပါရှင် 
7ရက် မှ 10 ရက် အတွင်း 
အပင်ပေါက်လာပါလိမ့်မယ်နော် 
          သတိပြုရန်မှာ 
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ  
     မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို 
      ရှောင်ပေးပါ 
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ 
     များကို ရှောင်ပေးပါ 
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို  
       သတိပြုပေးပါ 
        (Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ) 
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်  
       နွားချေး ကြက်ချေး အခြား မည်သည့် 
       မြေဩဇာ  ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်
 
         
 
		  
		 
		 
		 
                