3 ပတ် - ဘာသာပြန်ပါ။

#ခွေးတွေကသရဲတွေကိုမြင်ရလားနာမည်ကြီးနေတဲ့သရဲဇာတ်ကားသစ်??
ဂူအောင်းလူသားတွေခေတ်ကတည်းက ခွေးလေးတွေဟာ လူတွေအတွက်-အဖော်မွန်တွေပါ လူသားတွေထက် အာရုံခံစွမ်းကောင်းကြတဲ့အတွက် သား-ရဲတွေရဲ့အန္တ-ရာ-ယ်ကို သတိ-ပေးခဲ့ကြတဲ့ မိတ်ဆွေလေးတွေပေါ့
အန်ဒီဆိုတဲ့ခွေးလေးကလည်း တော့ဒ်ဆိုတဲ့အမျိုးသား-တစ်ယောက်ရဲ့အဖော်မွန်ကောင်းပါ ပြင်းထန်အဆု-တ်ရော-ဂါကို ခံစားနေရတဲ့တော့ဒ်က ကျေးလက်ဒေသမှာရှိတဲ့ မိသားစုပိုင်အိမ်အို
ကြီးကို ပြောင်းလာခဲ့-ချိန်မှာတော့ ထူးဆန်းတာတွေကို ခံစားမိတဲ့ခွေးလေးအန်ဒီက တော့ဒ်ကိုသတိပေးရုံတင်မက သူ့အစွမ်းအစရှိသမျှနဲ့ ကယ်ဆယ်ပေးဖို့ကြိုးစားလာပါတော့တယ်
ခွေးလေး-တစ်ကောင်ရဲ့ ရှုထောင့်ကနေရိုက်ကူးထားတဲ့အတွက် သာမန်ကြည့်နေကျ သ-ရဲကားတွေနဲ့မတူတဲ့ မြင်ကွင်းနဲ့ပြကွက်တွေပါတဲ့ဇာတ်ကားမျိုးဖြစ်ပြီး အထူးသဖြင့် အန်ဒီဇာတ်ကောင်အတွက် ဒါရို-က်တာနဲ့ တွဲဖက်စာရေးဆရာ B-en Leon-bergက သူ့ရဲ့ခွေးလေး အန်ဒီကိုအသုံးပြုခဲ့ပါတယ်
ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ပြုပြင်စရာမလိုပဲ ခံစားချက်တွေ-ကို ကောင်းကောင်းဖော်ပြပေးနိုင်တဲ့ အလိမ္မာလေး အန်ဒီကတော့ ဒီရုပ်ရှင်ရဲ့ ဂုဏ်ထူးဆောင်ဇာတ်ကောင်လေး ဖြစ်ပါတယ်

image