ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်း မာချာဒို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရ

အော်စလို၊ အောက်တိုဘာ ၁၀

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာ မာချာဒိုဟာ ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ကြောင်း နိုဘယ်ဆုပေးရေး ကော်မတီက ထုတ်ပြန်ပါတယ်။

ဗင်နီဇွဲလားပြည်သူတွေအတွက် ဒီမိုကရေစီအခွင့်အရေးတွေ မြှင့်တင်ပေးခြင်း၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ကို တရားမျှတပြီး ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေအတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချီးမြှင့်ရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

"ဗင်နီဇွဲလားရှိ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ ခေါင်းဆောင်အဖြစ်၊ မာချာဒိုဟာ မကြာသေးမီကာလများအတွင်း လက်တင်အမေရိက စွမ်းရည်သတ္တိမှာ အထူးခြားဆုံး ဥပမာတွေထဲ့ တခုဖြစ်တယ်လို့ " လို့ နိုဘယ်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ငြိမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထပ်ခါတလဲလဲ ပြောဆိုမှုတွေရှိခဲ့ပေမယ့် နိုဘယ်ဆုပေးရေး ကော်မတီဟာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကိုသာ ဆုပေးဖို့ ရွေးချယ်ခဲ့တာပါ။

နိုင်ငံတကာ စည်းမျဉ်းတန်ဖိုးတွေကို ဖျက်ဆီးနေတာကြောင့် ထရန့်ဟာ နိုဘယ်ဆုကို ရနိုင်မှာမဟုတ်ဘူးလို့ ဆုမကြေညာခင်ကတည်းက ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဒေါ်လာ၁ ဒဿ ၂ သန်း တန်ကြေးရှိတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒီဇင်ဘာလအတွင်း အော်စလိုမှာ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်နိုင်ငံ အဏုမြူဒဏ်မှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့သည့်အဖွဲ့ဖြစ်သော Nihon Hidankyo က ရရှိခဲ့တာဖြစ်ပါတယ်။၁၉၄၅ ခုနှစ် ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့များမှာ အဏုမြူဗုံးကြဲခံရတဲ့ဒဏ်မှ အသက်ရှင်လျက် လွတ်မြောက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ စုဖွဲ့ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Ref:Reuters
Photo:Getty Images

#centralnewsnaypyitaw

image