HDD (Hard Disk Drive) / SSD (Solid State Drive) ကို lock ခတ်ခြင်း။
======================================
1. BIOS/UEFI Password ဖြင့် Lock ခတ်ခြင်း
BIOS (သို့) UEFI settings ထဲကနေ HDD/SSD ကို password ချမှတ်နိုင်ပါတယ်။ OS တင်ထားတဲ့ disk ကို password မသိရင် boot မဖြစ်ဘူး။
(motherboard အမျိုးအစားအလိုက် မတူနိုင်ပါသည်)
1. Computer ကို restart လုပ်ပါ။
2. BIOS/UEFI ထဲဝင်ရန် Del, F2, F10, Esc စတဲ့ key တချို့ကိုစောင့်ပြီးနိပ်ပါ။
3. Security tab သို့သွားပါ။
4. HDD Password သို့မဟုတ် ATA Password ဆိုတာကိုရွေးပါ။
5. Password ချမှတ်ပြီး save လုပ်ပါ။
6. Restart ပြန်လုပ်ပါ။
Password မေ့သွားရင် drive ထဲက data ကို ပြန်ရဖို့ခက်ခဲနိုင်ပါတယ်။
2. BitLocker (Windows မှာသာ)
Windows 10/11 Pro, Enterprise editions မှာ BitLocker နဲ့ disk encryption ပြုလုပ်နိုင်ပါတယ်။ Password မရှိဘဲ access မရနိုင်ပါ။
လုပ်နည်း
1. Control Panel System and Security BitLocker Drive Encryption ကိုဖွင့်ပါ။
2. Lock ချင်တဲ့ drive အပေါ်မှာ Turn on BitLocker ကိုနှိပ်ပါ။
3. Password သတ်မှတ်ပါ။
4. Recovery key ကို safe ဖြစ်အောင် backup လုပ်ပါ။
5. Encrypting လုပ်ပါ (တချို့ drive ကြီးကြီးတွေဆိုရင် အချိန်ယူနိုင်ပါတယ်)။
Windows Home edition မှာ BitLocker မပါပါဘူး။
သတိပြုရန်
Lock ချမှတ်ထားတဲ့ password မေ့သွားရင်, data ကို ပြန်ရဖို့ factory reset, erase လုပ်ရတတ်ပါတယ်။