3 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းတွင် အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာ ၃၂၀ နစ်နာကြေးရရှိ
ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်အလုပ်ရုံတစ်ရုံမှ အလုပ်ထုတ်ခံခဲ့ရသည့်မြန်မာအလုပ်သမား ၃၂၀ ၏ နစ်နာကြေးဘတ်သုံးသန်းကျော် ပြန်လည်ရရှိခဲ့ကြောင်းကူညီဆောင်ရွက်ပေးခဲ့သည့် MHAC မဟာ မိတ်အဖွဲ့မှ သိရသည်။
ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၂၀ ကို ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်တွင် အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ လုပ်သက် လေးလ မပြည့်မီ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် မြန်မာအလုပ်သမားများက နစ်နာကြေးရရှိရန်အကူအညီ တောင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်တွင်စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး)၌ စက်ရုံလုပ်ငန်းရှင် နှင့် ကြားခံအေဂျင်စီမှ လာရောက် ဖြေရှင်းပေးခဲ့ခြင်းဖြစ်ပြီးမြန်မာအလုပ်သမား ၃၂၀ သည်နစ်နာကြေး အဖြစ် လုပ်သက် သုံးလကျော်သူများ ဘတ် ၁၀၈၀၀၊ လုပ်သက် သုံးလမကျော်သူများ ဘတ်၉၀၀၀ ဖြင့် စုစုပေါင်း ဘတ်ငွေ၃၀၄၅၆၀၀ ပြန်ရခဲ့ကြောင်း သိရသည်။

image