◾️ဂါဇာအပစ်ရပ်ရေး နှင့် ဓားစာခံများ လွှတ်ပေးရေးအစ္စ ရေးနှင့်ဟားမားစ်သဘောတူ
လူပေါင်း၆၇၀၀၀ကျော် သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းကို ပြန်လည်ပုံသွင်းခဲ့သော ဂါဇာစစ်ပွဲ အဆုံး သတ်ရေးအ တွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အစီအစဉ်ဖြင့် အပစ်ရပ်ရေးနှင့် ဓား စာခံများ လဲလှယ်‌ရေးပါဝင်သည့် ပ ထမအဆင့်ကို သဘောတူလိုက်ကြောင်း အစ္စရေးနှင့် ဟားမားစ်တို့က ပြောကြားကြသည်။
ဂါဇာအပေါ် အစ္စရေးတို့၏ ရက်စက်သောတိုက်ခိုက်မှုများဖြစ်ပေါ်လာစေခဲ့သည့် အစ္စရေးအတွင်းသို့ ဟားမားစ်တို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာလူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည့် ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သော နှစ်နှစ်ပြည့် နှစ် ပတ် လည်ပြီး နောက်တစ်ရက်မှာပင် အီဂျစ်နိုင်ငံမှ တိုက် ရိုက်မဟုတ်သော ဆွေးနွေးမှုများတွင် ထရန့်၏ အချက် ၂၀ ပါ မူဘောင်အစီအစဉ်မှ ပထမအဆင့်ကို သဘောတူခဲ့ကြခြင်းဖြစ်သည်။
သို့ရာတွင် ယမန်နေ့ညပိုင်းက ဒေါ်နယ်ထရန့် ကြေညာခဲ့သော သဘောတူညီချက်သည် အသေးစိတ်အချက်များ မပါဝင်ကြောင်း နှင့် မဖြေရှင်းရသေးသော မေးခွန်းပေါင်းများစွာကိုလည်း ချန်ထားခဲ့သဖြင့် ယခင် က လုပ် ဆောင်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှုများကဲ့သို့ပင် ပြိုကွဲသွားနိုင်သည့် အန္တရာယ်ရှိကြောင်း ရိုက်တာသတင်းက ဖော် ပြ သည်။
“ကျွန်တော်တို့ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ ပထမအဆင့်ကို အစ္စရေးနဲ့ ဟားမားစ် နှစ်ဖက်စလုံး က သဘောတူလိုက်ကြပြီဆိုတာကို ကျွန်တော် ဂုဏ်ယူစွာ ကြေညာပါတယ်။” ဟု ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ပြောကြားသည်။
ယင်းမှာ ဓားစာခံများအားလုံးကို မကြာမီပြန်လွှတ်ပေးသွားမည် နှင့် အစ္စရေးကလည်း တပ်ဖွဲ့များကို သဘောတူထားသည့် မျဉ်းများအထိ ဆုတ်ခွာသွားမည် ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ထရန့်က ဆက်လက်ပြောကြားသည်။
ပထမအဆင့် သဘောတူညီချက်အား အတည်ပြုရန် ၎င်း ၏ အစိုးရအဖွဲ့ ကို ယနေ့ အစည်း အဝေးခေါ်ယူသွားမည်ဖြစ်ကြောင်း အစ္စ‌ရေးဝန်ကြီးချုပ် နေတန်ယာဟု က ပြောကြားသည်။
ပထမအဆင့် သဘောတူညီချက်ဖြင့် ဓားစာခံများအားလုံးကို အိမ်ပြန်ခေါ်လာမည်ဖြစ်ကာ ယင်းမှာ သံတမန်ရေးအောင်မြင်မှုနှင့် အစ္စရေးနိုင်ငံအတွက် အမျိုးသားရေး နှင့် စိတ်ဓာတ်ပိုင်းအရ အောင်ပွဲဖြစ်ကြောင်း နေတန်ယာဟုက ဆက်ပြောသည်။
စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်ရရှိပြီဖြစ်ကြောင်း ဟားမားစ်အဖွဲ့ကလည်း အတည်ပြုခဲ့ပြီး ဂါဇာမှ အစ္စရေးတို့ ဆုတ်ခွာမှု နှင့်အတူ ဓားစာခံနှင့် အကျဉ်းသားလဲလှယ်မှု ပါဝင်မည်ဖြစ်ကြောင်း ဟားမားစ်အဖွဲ့ က ပြောကြားသည်။
သဘောတူညီချက်ကို အစ္စ‌ရေးအစိုးရက အတည်ပြုပြီးနောက် ၇၂ နာရီအတွင်းမှာပင် အသက်ရှင်နေသေးသော ဓားစာခံများကို ပြန်လွှတ်ပေးသွားမည်ဟု ဟားမားစ်သ တင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ထရန့်အစီအစဉ်ပထမပိုင်းကို သဘောတူညီမှုနှင့်အတူ စစ်ပွဲအဆုံးသတ်ရန်မျှော်လင့်ချက်များ မြင့် တက်လာခဲ့သော်လည်း စစ်ပွဲကို လုံးဝအဆုံးသတ်မည့်အချိန်၊ စစ်ပွဲအလွန်ဂါဇာကမ်းမြောင်အား အုပ်ချုပ်ရေး နှင့် ဟားမားစ်အဖွဲ့၏ ကံကြမ္မာအစရှိသည့် အရေးပါသော အသေးစိတ်များကို မဖြေရှင်းရသေးကြောင်း ရိုက်တာသတင်းက ဖော် ပြသည်။
သို့ရာတွင် နှစ်ဖက်သဘောတူညီချက်ရရှိကြောင်း ကြေ ညာချက်ထွက်ပေါ်လာပြီးနောက်တွင် ဂါဇာနှင့် အစ္စရေးရှိ သာမန်ပြည်သူလူထုကြားတွင် အောင်ပွဲခံမှု ကြိုဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
သတင်း-ရဲမင်း
သတင်း-Reuters
#နိုင်ငံတကာသတင်း

image