ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်အဖြစ် MFF ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခံရ

အောက်တိုဘာ ၉

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီ (FIFA Youth Boy's Competitions Committee ) အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင် မြင့်ဝေ ရွေးချယ်ခံရကြောင်း MFF ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေးတွင် ရွေးချယ်ခံခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီတွင် ဖီဖာကောင်စီဝင် အဖြစ် ဆိုက်ပရပ်စ်နိုင်ငံ မှ ဂျော်ဂျီယိုစ့် ခူးမက်စ် ၊ ကော်မတီ ဥက္ကဌအဖြစ် ဘီနင်နိုင်ငံ မှ မက်သရူး ဒီချားစ်ကပ်နှင့် နိုင်ငံတကာ အဖွဲ့ဝင် (၂၃) ဦးပါဝင်ကာ ဦးထိပ်ခွန်နောင်မြင့်မှာ အဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ် မှ ၂၀၂၉ ခုနှစ်အထိတာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီ အဖွဲ့ဝင် ၊ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ကလျာဇော်ကိုလည်း ဖီဖာ အမျိုးသမီး ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (FIFA Women's Football Development Committee) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ဖီဖာ၏ အမျိုးသမီး ဘောလုံးတိုးတက်ရေး ကော်မတီတွင် နိုင်ငံတကာ အဖွဲ့ဝင် (၂၅) ဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပြင်သစ်နိုင်ငံမှ Laura Georges ၊ ဒုဥက္ကဌအဖြစ် ဗဟိုအာဖရိကနိုင်ငံမှ Olive Dol-Somse တို့ပါဝင်ကြကြောင်းနှင့် ဒေါ်ကလျာဇော်အနေဖြင့် ၂၀၂၅ မှ ၂၀၂၉ခုနှစ်အထိ အဖွဲ့အဝင်အဖြစ် တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnayptitaw

imageimage