Streaked Spiderhunter
"ငှက်ပျောစုပ်" လို့ ခေါ်ကြတယ်။ လိမ္မော်ရောင် ခြေထောက်လေးနဲ့ နှုတ်သီးရှည်ရှည် အသံစွာစွာသူ့ကိုတွေ့လိုက်တိုင်း အမြဲသွက်လက် လှုပ်ရှားနေတာ တွေ့ရတယ်။ ခန္ဓာကိုယ် သွယ်သွယ် ဒီဇိုင်း ခက်မိုက်မိုက်နဲ့ ငှက်တွေထဲမှာ fashion ကျနေတဲ့ ငှက်ကလေးပေါ့ ☺️ Spider Hunter ဆိုတဲ့နာမည်အတိုင်း ပိုးကောင်လေးတွေ ပင့်ကူလေးတွေလဲ စားတက်ပေမယ့် ငှက်ပျောတော ငှက်ပျောဥယျာဉ်မှာပိုပြီး နေပျော်တယ်။ တခြားပန်းခြုံနွယ်နဲ့ သစ်ပင်ကြီးတွေမှာလဲ တွေ့ရတက်ပါတယ်။ ဒါပေမယ့် ငှက်ပျောဖူးလေးတွေက အရည်လေးတွေကို အမြဲစားသောက်နေထိုင်တက်လို့ "ငှက်ပျောစုပ်" လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ မိတ်ဆွေ အားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ .... ❤️❤️❤️

image