ဟယ်ရီမက်ဂွိုင်းယားကို စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်တဲ့ ယူနိုက်တက်

အောက်တိုဘာ ၉

ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်မကုန်ဆုံးမီ ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားအား စာချုပ်သစ်ချုပ်ဆိုရေး နီးစပ်နေပြီ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ၈ လတည်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးနေပါတယ်။

ယူနိုက်တက်ရဲ့ ဘောလုံးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာဒါရိုက်တာမတ်ဟားဂရေ့ဗ်ဟာ အင်္ဂလန်လက်ရွေးစင်ရဲ့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

မက်ဂွိုင်းယားဟာ ဇန်နဝါရီလတုန်းက ကလပ်နှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သူ ဖြစ်ပြီး ယခုအခါ တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ တန် တစ်နှစ်စာချုပ်သစ်ချုပ်ဆိုလာမှာလည်း ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ယခင်နည်းပြအဲရစ်တန်ဟက်လက်ထက်တုန်းက ဘရူနိုဖာနန်ဒက်စ်အား အသင်းခေါင်းဆောင် လက်ပတ် လွဲပေးလိုက်ရပေမယ့်လည်း နည်းပြအမိုရမ် လက်ထက်တွင် အသင်းခေါင်းဆောင်အုပ်စုတွင် ပြန်လည်ပါဝင်လာသူလည်း ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရမှုကြောင့် လုပ်ခ ၂၅ ရာခိုင်နှုန်း လျှော့ချခံထားရကာ ပေါင် ၁၄၀၀၀၀ ဝန်းကျင်သာ ရရှိနေသူ ဖြစ်ပြီး ယူနိုက်တက်ဘက်က လုပ်ခလျှော့ပြီး ဆွေးနွေးလာမှုအား လက်ခံလိုက်ပြီလည်း ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက ဝက်စ်ဟမ်းသို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေရေး ပျက်ပြယ်သွားပြီးနောက်ပိုင်းတွင် ယူနိုက်တက်ရဲ့ အရေးပါတဲ့ ခံစစ်မှူးအဖြစ် ခြေစွမ်းပြ ကစားလာခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ အမိုရမ်လက်ထက် ပွဲ ၅၀ ကြီးကြပ်ရာတွင် ၃၈ ပွဲ ကစားခွင့်ရထားသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image