ကမ္ဘာ့အသက်အကြီးဆုံး နွားမဖြစ်တဲ့ Big Bertha ကို ၁၉၄၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၉၃ ခုနှစ် အသက် ၄၈ နှစ် နဲ့ ၉ လ မှာကွယ်လွန်ခဲ့ပါတယ် ဒါဟာ နွားမတစ်ကောင်အတွက် ပုံမှန်သက်တမ်းထက် သိသိသာသာ ပိုရှည်ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်
နောက်ပြီး ၄င်းဟာ တစ်သက်တာလုံးမှာ နွားငယ် ၃၉ ကောင်မွေးဖွားပေးခဲ့ပြီး မျိုးပွားနိုင်စွမ်း အမြင့်ဆုံး နွားမအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ် ဒီစွမ်းဆောင်ရည်ဟာ ရပ်ရွာအတွက် စီးပွားရေးအရရော လူမှုရေးအရပါ အရေးပါစေခဲ့ပါတယ်
Bertha ရဲ့ နာမည်ကျော်ကြားမှုဟာ ၄င်းရဲ့ စံချိန်တွေထက် ပိုပါတယ် အိုင်ယာလန်နိုင်ငံ Kerry ကောင်တီအတွက် ဒေသခံ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပြီး နှစ်စဉ်ကျင်းပတဲ့ စိန့်ပက်ထရစ်နေ့ စီတန်းလှည့်လည်ပွဲရဲ့ အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်
Bertha ဟာ သူ့ရဲ့ နာမည်ကျော်ကြားမှုကို အသုံးပြုပြီး ကင်ဆာသုတေသနနဲ့ အခြားသော ဒေသတွင်းပရဟိတလုပ်ငန်းများအတွက် ဒေါ်လာ ၇၅,၀၀၀ ကျော် ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့ပါတယ်
Bertha ရဲ့ ပိုင်ရှင်ဖြစ်သူ Jerome O’Leary ဟာ စီတန်းလှည့်လည်ပွဲတွေရဲ့ ဆူညံသံတွေကြောင့် Bertha စိတ်လှုပ်ရှားမှု မဖြစ်ရအောင်ပွဲမစခင်မှာ ဝီစကီတစ်ငုံတိုက်ကျွေးလေ့ရှိတဲ့ ထုံးတမ်းတစ်ခုကို ပြုလုပ်ခဲ့ပြီး ဒါကလည်း Bertha ရဲ့ နာမည်ကျော်ကြားမှုကို ပိုမိုမြင့်တက်စေခဲ့တဲ့ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်
Bertha ဟာ ၁၉၉၃ ခုနှစ် နှစ်သစ်ကူးအကြိုညမှာ ကွယ်လွန်ခဲ့ပါတယ် Bertha ကို ချစ်မြတ်နိုးကြတဲ့ ဒေသခံတွေက ပုံမှန် နွားတစ်ကောင်လို သဘောမထားဘဲ ထူးခြားတဲ့ ဂုဏ်ပြုမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်
ပိုင်ရှင် O’Leary ဟာ ဒေသခံအရက်ဆိုင်တစ်ခုမှာ Bertha အတွက် နိုးပွဲ (အသုဘအခမ်းအနား နဲ့ ဆင်တူသော စုဝေးပွဲ) ကို ကျင်းပပေးခဲ့ပြီး ဒေသခံ ရပ်ရွာလူထုက ဝမ်းနည်းခြင်းနှင့် ချစ်ခင်မှုကို ပြသခဲ့ကြပါတယ်
Big Bertha ဟာ စိုက်ပျိုးမွေးမြူရေးသမိုင်းမှာ အသက်အရှည်ဆုံးနဲ့ သားအများဆုံး စံချိန်တင်ခဲ့တဲ့ တိရစ္ဆာန်တစ်ကောင်အဖြစ် မှတ်တမ်းတင်ခဲ့ရုံသာမက ရပ်ရွာအတွက် ပေးဆပ်မှု နဲ့ အမွေအနှစ်ကိုပါ ချန်ထားခဲ့တဲ့ ဒဏ္ဍာရီဆန်တဲ့နွားမကြီးတစ်ကောင် ဖြစ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefac